Thursday, May 19, 2011

သွေးအေး တိုက်ပွဲး - အဆက်

 ကဲ---
ဟုတ်ပါပြီ နည်းနည်းပါးပါး သွေးအေးတိုက်ပွဲဇာတ်လမ်းလေး ပြန်စလိုက်ကြရအောင်စို့လေ
ပထမဦးဆုံးသူပြောသွားတဲ့ စကားလေးက ( အိုး သင်္ကန်းခြုံဂတုံးတို့ အမှားကိုမြင်၊အမှန်ကိုသိ၍ဗုဒ္ဓ၊ဒုက္ခ၊အနတ္တဤသုံးပါးကို ရှောင်ကျဉ်ကြလော့။) ဒါပါပဲ။  အို သင်္ကန်းခြုံဂတုံးတို့ဆိုတာတော့ အထူးအထွေပြောနေစရာ မလိုတော့ပါဘူး။အဲဒီစကားလုံးဟာကဲ့ရဲ့ခြင်တဲ့စိတ်၊အမြင်ကတ်တဲ့စိတ်၊ မနာလိုတဲ့စိတ်၊စော်ကားခြင်တဲ့စိတ်၊တစ်ခြားဘာသာနဲ့လိုက်လျှော်ညီထွေမုထားတတ် တဲ့စိတ်၊အထင်အမြင်သေးတဲ့စိတ်၊စတဲ့အောက်တန်းကျလူတစ်ယောက်ရဲ့ အသုံးအနှုံးကို သုံးနှုံး ထားတယ်ဆိုတာ သိသာထင်ရှားပါတယ်နော်။ သူ့ရဲ့စကားလုံးကို ကြည့်ပြီး ဗုဒ္ဓဘာသာ ရဟန်း တော်အားလုံး ဘာမှ မဖြစ်ပါနဲ့ဒေါသလည်းမထွက်သင့်ပါဘူးငါတို့ကို စော်ကားသွားတယ်လို့လည်းသဘောမထားပါနဲ့။မြတ်စွာဘုရားလက်ထက်မှာတုန်းကလည်းဘုရားတပည့်ရဟန်းတော်တွေကို သည်လိုမျိုးအလားတူအသုံးအနှုံးမျိုးကိုသုံးပြီးခေါ်ဖူးတဲ့သာဓကရှိပါတယ်။ ပြန်ဖတ်ချင်လျှင်တော့ ဒီဃနိကာယ်ထဲကသီလက္ခန္ဓ၀ဂ္ဂပါဠိ+အဋ္ဌကထာထဲမှာပါတဲ့ သောဏဒဏ္ဍသုတ်အဖွင့် အမ္ဗဋ္ဌလုလင်နဲ့ မြတ်စွာဘုရား တွေ့စုံတဲ့အခန်းမှာပါ။

သူလည်းအမ္ဗဋ္ဌလုလင်လိုယုတ်မာတဲ့သူတစ်ယောက်အတွေးခေါင်ပြီး မောက်မာနေတာ သေချာ ပါတယ်။သင်္ကန်းခြုံရခြင်းရဲ့ရည်ရွယ်ချက်ရယ် ကြောင်းကြမှုတစ်ဆယ့် ခြောက်ချက် ကြောင်း ဂတုံးတုံးရခြင်းရခြင်းတွေကိုလည်းသူနားမလည်လို့နေမှာပါ။အလကားနေ အရှောင်စားဖို့ဂတုံးတုံးထားတာသူထင်ချင်လည်းထင်မှာပေါ့။ဂဃနဏမသိပဲ ၂၁ရာစုမှာ ဒီလိုပြောလိုက်တာ သူ့ကိုယ်သူ မရှက်ဘူးလားမသိဘူးနော်။ ဒီသင်္ကန်းခြုံဂတုံးတို့ကို သူတို့လို ဆံပင်ညှပ် ဆိုင်သွားပြီး ဂတုံးတုံးသလို ထင်ပြီးပြောတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 
ဒီလိုပြောလာတဲ့သူကို ဒေါသနဲ့မတုန့်ပြန်ပဲ သွေးအေးအေးနဲ့ ပြန်လည်ရင်ဆိုင်ဖို့ မြတ်စွာဘုရားဟာ နည်းလမ်းကောင်းတွေ ပေးထားပြီးသားပါ။ ကဲ ဆက်သွားမယ် အမှားကိုမြင်အမှန်ကိုသိဆိုတဲ့စကားဆက်သွားကြရအောင်။စာဖတ်သူများအားလုံး သေသေချာချာ စဉ်းစားပြီးဖတ်နော်။ သူဘာပြောတာလဲ မသိဘူးနော်။ ဖြစ်နိုင်ချေ သူဆိုလိုချင်တာက ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ အယူ အဆရယ် ဘုရားဟောထားတဲ့ တရားအားလုံးရယ် ပြောသမျှဟောသမျှအားလုံးဟာ အမှားတွေ ပဲ အမှန်မဟုတ်ဘူးဆိုပြီး ပြောလိုက်တယ်လို့ စာရေးသူ ယူဆပါတယ်။ဒီလူကိုသိပ်သနားသွားတယ်ဗျာ။သေချာစဉ်းစားပြီးဖတ်နော် စာဖတ်ပရိသတ်အားလုံးတို့ပေါ့ပေါ့ဆဆမဖတ်နဲ့။ယောင်ပါသွားလိမ့်မယ်။ စာတစ်လုံးမှားလျှင်တောင်တစ်လုံးခြားတတ်တယ်နော်။ အမှားကိုမြင် တဲ့ ကြည့်စမ်း။လောကရဲ့ဖြစ်ရိုးထုံးစံဟာအမှားကိုသိပြီးမှအမှန်ကိုမြင်နိုင်မှာလေ။ သူပြောတာကအမှားကိုမြင်အမှန်ကိုသိတဲ့။ဘယ်လောက်ရူးကြောင်မူးကြောင်လဲမသိဘူး။ လာကမှာ မြင်နိုင်တဲ့အရာမှန်သမျှ လုံးဝအမှားမရှိပါဘူး။ အမှန်လည်းမရှိ ပါဘူး။ အမှားဆိုတာ သိရမဲ့အရာပါ ။ မြင်ရမဲ့အရာမဟုတ်ပါဘူး။ အမှားကို ကိုယ်ကိုယ်တိုင် သိမှ အမှန်တရားကို မြင်နိုင်မှာလေ။ ထားလိုက်ပါ ခပ်ပါး ပါးလေးပဲဆွေးနွေးတာကောင်းပါတယ်။သည်နေရာမှာဘယ်ပေတံနဲ့တိုင်းပြီး 

အမှားရယ်အမှန်ရယ်ပြောရတာလဲ။သူပြောတဲ့ အမှားနဲ့ အမှန်ကိုကော သူသိရဲ့လား။ 

ဆက်လက်ဖေါ်ပြမည်----------------------

Wednesday, May 18, 2011

သွေးအေး တိုက်ပွဲး

ဗုဒ္ဓ၊ဒုက္ခ၊အနတ္တ ဤသုံးပါးကို ရှောင်ကျဉ်ကြလော့။

အိုး သင်္ကန်းခြုံဂတုံးတို့ အမှားကိုမြင်၊ အမှန်ကိုသိ၍ ဗုဒ္ဓ၊ဒုက္ခ၊အနတ္တ ဤသုံးပါးကို ရှောင်ကျဉ်ကြလော့။ ဗုဒ္ဓသည်လည်း လိမ်ညာကောက်ကျစ်ရာ၊ ဒုက္ခသည်လည်း ဝမ်းနည်းပူဆွေးရာ၊ အနတ္တသည်လည်း မတည်မြဲရာ ဖြစ်သည့်အားလျော်စွာ ဤ သုံးပါးအကျိုးကို ဒို့မြန်မာပြည်ကြီး ခံစားနေရတယ်မဟုတ်လား သင်္ကန်းခြုံဂတုံးတို့။ အဘယ့်အချိန်ကာလပတ်လုံးထိ လိမ်ညာသောလမ်းမှမရုန်းထွက်ဘဲ ရှိနေအုံးမှာလဲ??? အိုး အဆွေသင်္ကန်းခြုံဂတုံးတို့ သင်တို့သည် ရှေးဦးစွာ မိမိ့လက်နှင့်မိမိ့ဝမ်းစာကို ရှာပါစေ။ မိမိ့ဝမ်းစာအတွက်ပင်လျှင် သူတောင်းစားကဲ့သို့ ဝမ်းစာရှာနေသော သင့်တို့အား ကျွန်ုပ်အဘယ်ကဲ့သို့ ယုံကြည်ရမည်နည်း။အလှူဒါနပြုသူများက သင်တို့ အား ငွေအလှူကိုပြုပြီးသည့်တိုင်မှ မတင့်တိမ်၊ မရောင့်ရဲနိုင် ထပ်၍ပင် စားဖွယ်သောက် ဖွယ်အလှူများကိုပင် ထပ်၍တောင်းနေကြသည့်မှာ သင်တို့သည် သူတောင်းစားထက်ပင် ပို၍ဆိုးနေကြသည့် မဟုတ်လော့။ သင့်တို့နေ့စဉ်ရက်ဆက် စားသောက်နေရသော် အစားအသောက်ပင်လျှင် မိမိ့လက်နှင့် မချက်မပြုတ်နိုင်။ ထို့ကြောင့် အပျင်းတကာ အပျင်းဆုံးသူများသည် သင်တို့ပင် ဖြစ်ကြသည်။ သင်တို့သည် ကျွေးမွေးလှူ ဒါန်းကြ သော်၊ အစားအသောက်ပင်လျှင် ကဲ့ရဲ့ရှုံ့ချလျက် အသား၊ငါးများမသတ်ရ ဥပဒေကို ကိုယ်တိုင်ချမှတ်လျက်နဲ့ပင် ကျွေးမွေးသည့်အခါ မြိန်ရေရှက်ရေ စားသောက်ကြသည်။ ထို့ကြောင့် သင်တို့သည် ကျွေးသောသခင့်လက်ကို ပြန်ကိုက်သော်၊ ခွေးနှင့်ပင် ခိုင်းနှိုင်း စရာရှိသည်။ 
  
`'အထက်ပါစားသားသည် ´´ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်´´ ဆိုသော ဘလောက်ဆိုက်မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။ ထိုစာကို ဖတ်လိုက်ရတဲ့စာရေးသူမှာ အိပ်နေ သော ခြင်္သေ့ကို သံကျင်နဲ့ ထိုးစွလိုက်သကဲ့သို့ လန့်ဖျန့်ကာ နိုးထလာခဲ့ရပါသည်။ ဒီလိုစာ မျိုး ကို ရေးလိုက်သော သူကိုလည်း ဘာပဲဖြစ်ဖြစ် ကျေးဇူးအထူးတင်မိပါ သည်။ ဒီစာကြောင့် စာရေးသူဟာ အလုပ်လက်မဲ့ အကြောင်းအရာမဲ့နေတဲ့ ဘ၀ကနေ အလုပ်တာဝန် အကြောင်း အရာများစွာကို လက်ဆောင်လာပေးသလိုပင် ခံယူမိပါသည်။
  ဒီဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ဘလောက်ဆိုက်ကို ရေးသော သူကိုလည်း စာရေး သူ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို အရမ်းသိချင်ပါသည်။ ခက်တာက  သူ့ဆိုက်မှာ ကွန်မန့်လက်ခံဖို့ စီဘောက်လေးတောင် မထားတာက သူ့ကိုယ်သူ သတ္တိကြောင်နေသူ တစ်ယောက်များလေလားပေါ့။ စာရေးသူ အကဲခတ်ကြည့်တာကတော့ သူသည်လည်း ညံ့သူတစ်ယောက်မဟုတ်တာတော့သေချာသည်။ ဒါပေမဲ့ တော်ပါလျှက်သားနဲ့ ရှေ့တန်း ထွက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ဘာဖြစ်လို့ မလုပ်ရဲသည်ကိုတော့ စဉ်းစားစရာ တစ်ခုလို ဖြစ်နေပါသည်။ သေချာတာတစ်ခုတော့ သူဟာ ချုံခိုတိုက်ခိုက်ရဲးတဲ့ စိတ်ဓာတ်အနည်းငယ်နဲ့ အသိဥာဏ်အနည်းငယ်လောက်ပဲ ပိုင်ဆိုင်ထားဟန်တူပါသည်။ သူစာ ရေးတာအားလုံးကို ခြုံငုံပြီးသုံးသပ်ကြည့်လိုက်တော့ သူဟာ ဘာသာရေးအားလုံးကို အပေါ်ယံ လေ့လာထားပြီး မနိုင်မနင်း အတွေးအခေါ်နဲ့ ပေါင်းစပ်ကာ ရလာတဲ့ ရလာဒ်ကို ဘာသာသွေးအစွန်းရောက်စိတ်ဓာတ်နဲ့ ရေးသားထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဘာပဲဖြစ် ဖြစ်ပါ သူဟာ ခေသူတစ်ယောက်မဟုတ်ဘူးဆိုတာတော့ သေချာပါသည်။ သူလိုလူမျိုးနဲ့ သံတ မန်ဆန်ဆန်နဲ့ ဆေးနွေးတိုင်ပင်ညှိနိုင်းပြီး အကောင်းဆုံးရလာဒ် ထွက်ပေါ်လာအောင် ပေါင်းစပ်ကြမယ်ဆိုလျှင် မည်မျကောင်းလိမ့်မည်လဲလို့ စာရေးသူ စိတ်ကူးဖြစ်ပေါ်မိပါသည်။
ကဲ ဒါတွေထားလိုက်ပါ သူစာရေးခဲ့တာကိုပဲ ဆန်းစစ်ကြည့်ကြရအောင်စို့-------------
သူရေးသွားတဲ့ ခေါင်းစဉ်လေးကို ဦးဆုံးဆွေးနွေးကြရအောင်  --------------------

( ဗုဒ္ဓ၊ဒုက္ခ၊အနတ္တ ဤသုံးပါးကို ရှောင်ကျဉ်ကြလော့။) ကဲဒါက သူရေးထားတာနော် သေချာကြည့်ကြည့်လိုက်ပါ။ သုံးပါးကို ရှောင်ကျဉ်ကြလော့ရယ်လို့ အားမနာတမ်း သူ့ရဲ့ဖြုတ် ကောင်မျှလောက်ရှိတဲ့အတွေးနဲ့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ခေါင်းစဉ်ကိုကြည့်လိုက်ရုံနဲ့ သူဟာ တစွတ်ထိုး တစောက်ကန်း အစွန်းရောက်နေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ ပြောစ ရာမလိုလောက်အောင် ထင်ရှားနေပါတယ်။ သူရေးသားထားတဲ့ ခေါင်းစဉ်ကို စာရေးသူဟာ မထမတော့ စော်ကားသလိုခံစားမိပါတယ်။ သူ့ကိုလည်း သတ္တိရှိသူတစ်ယောက်ရယ်လို့လည်း ထင်မှတ်မိပါတယ်။ ဒါပေမဲ့ မကြာလိုက်ပါ။ သူ့ရဲ့ခေါင်းစဉ်ကို သေချာဖတ်ပြီး စဉ်းစားကြည့်လိုက်တော့ ဒီလူဟာ သူရေးထားတဲ့စာကို သူကိုယ်တိုင် နားမလည်တဲ့ သူတစ်ယောက်ဆိုတာ ဝေခွဲမိသွားတယ်။ သူများကိုတော့ ´´ရှောင်ကျဉ်`` ဆိုတဲ့ အသုံးအနှုံးနဲ့ တိုက်တွန်းထားပါတယ် ။ ဒါပေမဲ့ သူကိုယ်တိုင်က ရှောင်ကျဉ်တယ်ဆိုတဲ့ အရာကို သူနားမ လည်ပါဘူး။ စာရေးသူ အပွင့်လင်းဆုံး ပြောလိုက်မယ်ဆိုလျှင် သူသည် နေ့ခင်းကြောင် တောင်မှာ ငကန်းတစ်ယောက်ဟာ မီးအိမ်ထွန်းပြီး လမ်းရှာနေသလိုပါပဲလေ။ သူများကို ဗုဒ္ဓ၊ ဒုက္ခ၊ အနတ္တ၊ သုံးပါးကို ရှောင်ကျဉ်ဖို့တိုက်တွန်းလိုက်တာ ။ အပေါ်ယံကြည့်လိုက်လျှင် သူကိုယ်တိုင်က ဗုဒ္ဓ၊ ဒုက္ခ၊ အနတ္တ မရှိသယောင်ပါပဲ။ သူဟာ ထိုသုံးပါးကို မရှိဘူးတော့ဘူး ရှောင်ကျဉ်နိုင်သူမှန်လျှင် သေချာသွားပြီ မစဉ်းစားနဲ့တော့။ သူဆိုလိုတဲ့ ဗုဒ္ဓဟာ ဘယ်ဗုဒ္ဓမှန်းလည်းမသိဘူးနော်။ စာရေးသူလေ့လာမိသလောက်တော့ ဗုဒ္ဓဘာသာမှာကော ဟိန္ဒူမှာကော ကရိချန်မှာကော မူစလင်မှာကော ဘာသာမရှိမှာကော အားလုံးလိုလို ဗုဒ္ဓဆိုတဲ့ ဝေါဟာရဟာ လုံးဝကိုရှိနေပါတယ်။ ကွဲပြားတဲ့ အသုံးအနှုံးသာရှိပါတယ် ။ ရှောင်ကျဉ်မယ် ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါ။ ဒါပေမဲ့ ဒီနေရာမှာ သူဆိုလိုချင်တာက ဗုဒ္ဓဘာသာတို့ အထွဋ်အထိပ်ထားရာ ဘုရားရှင်လို့ခေါ်တဲ့ ဗုဒ္ဓကို သူဆိုလိုတာထင်ပါတယ်။ အော်ဗျာ အတော် သနားဖို့ သိပ်ကောင်းတာပဲနော် ။ ကိုယ်ရေးတာ ဘာလဲဆိုတာ ကိုယ်ကိုယ်တိုင်လည်းမသိ။ သူများကို စော်ကားချင်တာကို စော်ကားရာမရောက်ပဲ ကိုယ့်ကိုယ်ကို ယုတ်မာကြောင်း အသိဥာဏ်မဲ့ကြောင်း အစွန်းရောက်သူဖြစ်ကြောင်း သူကိုးကွယ်နေတဲ့ဘာသာရဲ့ အဆင့်အတန်းနိမ့်ကြောင်း ထုတ်ဖေါ်အဓိပ္ပါယ်သက်ရောက်သွားတာ သူမသိရှာတာကို သနားစ ရာပဲနော်။ 

 

ဆက်လျှက် ဖေါ်ပြပါမည်-------------------