ကဲ---
ဟုတ်ပါပြီ နည်းနည်းပါးပါး သွေးအေးတိုက်ပွဲဇာတ်လမ်းလေး ပြန်စလိုက်ကြရအောင်စို့လေ
ဟုတ်ပါပြီ နည်းနည်းပါးပါး သွေးအေးတိုက်ပွဲဇာတ်လမ်းလေး ပြန်စလိုက်ကြရအောင်စို့လေ
ပထမဦးဆုံးသူပြောသွားတဲ့ စကားလေးက ( အိုး သင်္ကန်းခြုံဂတုံးတို့ အမှားကိုမြင်၊အမှန်ကိုသိ၍ဗုဒ္ဓ၊ဒုက္ခ၊အနတ္တဤသုံးပါးကို ရှောင်ကျဉ်ကြလော့။) ဒါပါပဲ။ အို သင်္ကန်းခြုံဂတုံးတို့ဆိုတာတော့ အထူးအထွေပြောနေစရာ မလိုတော့ပါဘူး။အဲဒီစကားလုံးဟာကဲ့ရဲ့ခြင်တဲ့စိတ်၊အမြင်ကတ်တဲ့စိတ်၊ မနာလိုတဲ့စိတ်၊စော်ကားခြင်တဲ့စိတ်၊တစ်ခြားဘာသာနဲ့လိုက်လျှော်ညီထွေမုထားတတ် တဲ့စိတ်၊အထင်အမြင်သေးတဲ့စိတ်၊စတဲ့အောက်တန်းကျလူတစ်ယောက်ရဲ့ အသုံးအနှုံးကို သုံးနှုံး ထားတယ်ဆိုတာ သိသာထင်ရှားပါတယ်နော်။ သူ့ရဲ့စကားလုံးကို ကြည့်ပြီး ဗုဒ္ဓဘာသာ ရဟန်း တော်အားလုံး ဘာမှ မဖြစ်ပါနဲ့ဒေါသလည်းမထွက်သင့်ပါဘူးငါတို့ကို စော်ကားသွားတယ်လို့လည်းသဘောမထားပါနဲ့။မြတ်စွာဘုရားလက်ထက်မှာတုန်းကလည်းဘုရားတပည့်ရဟန်းတော်တွေကို သည်လိုမျိုးအလားတူအသုံးအနှုံးမျိုးကိုသုံးပြီးခေါ်ဖူးတဲ့သာဓကရှိပါတယ်။ ပြန်ဖတ်ချင်လျှင်တော့ ဒီဃနိကာယ်ထဲကသီလက္ခန္ဓ၀ဂ္ဂပါဠိ+အဋ္ဌကထာထဲမှာပါတဲ့ သောဏဒဏ္ဍသုတ်အဖွင့် အမ္ဗဋ္ဌလုလင်နဲ့ မြတ်စွာဘုရား တွေ့စုံတဲ့အခန်းမှာပါ။
သူလည်းအမ္ဗဋ္ဌလုလင်လိုယုတ်မာတဲ့သူတစ်ယောက်အတွေးခေါင်ပြီး မောက်မာနေတာ သေချာ ပါတယ်။သင်္ကန်းခြုံရခြင်းရဲ့ရည်ရွယ်ချက်ရယ် ကြောင်းကြမှုတစ်ဆယ့် ခြောက်ချက် ကြောင်း ဂတုံးတုံးရခြင်းရခြင်းတွေကိုလည်းသူနားမလည်လို့နေမှာပါ။အလကားနေ အရှောင်စားဖို့ဂတုံးတုံးထားတာသူထင်ချင်လည်းထင်မှာပေါ့။ဂဃနဏမသိပဲ ၂၁ရာစုမှာ ဒီလိုပြောလိုက်တာ သူ့ကိုယ်သူ မရှက်ဘူးလားမသိဘူးနော်။ ဒီသင်္ကန်းခြုံဂတုံးတို့ကို သူတို့လို ဆံပင်ညှပ် ဆိုင်သွားပြီး ဂတုံးတုံးသလို ထင်ပြီးပြောတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီလိုပြောလာတဲ့သူကို ဒေါသနဲ့မတုန့်ပြန်ပဲ သွေးအေးအေးနဲ့ ပြန်လည်ရင်ဆိုင်ဖို့ မြတ်စွာဘုရားဟာ နည်းလမ်းကောင်းတွေ ပေးထားပြီးသားပါ။ ကဲ ဆက်သွားမယ် အမှားကိုမြင်အမှန်ကိုသိဆိုတဲ့စကားဆက်သွားကြရအောင်။စာဖတ်သူများအားလုံး သေသေချာချာ စဉ်းစားပြီးဖတ်နော်။ သူဘာပြောတာလဲ မသိဘူးနော်။ ဖြစ်နိုင်ချေ သူဆိုလိုချင်တာက ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ အယူ အဆရယ် ဘုရားဟောထားတဲ့ တရားအားလုံးရယ် ပြောသမျှဟောသမျှအားလုံးဟာ အမှားတွေ ပဲ အမှန်မဟုတ်ဘူးဆိုပြီး ပြောလိုက်တယ်လို့ စာရေးသူ ယူဆပါတယ်။ဒီလူကိုသိပ်သနားသွားတယ်ဗျာ။သေချာစဉ်းစားပြီးဖတ်နော် စာဖတ်ပရိသတ်အားလုံးတို့ပေါ့ပေါ့ဆဆမဖတ်နဲ့။ယောင်ပါသွားလိမ့်မယ်။ စာတစ်လုံးမှားလျှင်တောင်တစ်လုံးခြားတတ်တယ်နော်။ အမှားကိုမြင် တဲ့ ကြည့်စမ်း။လောကရဲ့ဖြစ်ရိုးထုံးစံဟာအမှားကိုသိပြီးမှအမှန်ကိုမြင်နိုင်မှာလေ။ သူပြောတာကအမှားကိုမြင်အမှန်ကိုသိတဲ့။ဘယ်လောက်ရူးကြောင်မူးကြောင်လဲမသိဘူး။ လာကမှာ မြင်နိုင်တဲ့အရာမှန်သမျှ လုံးဝအမှားမရှိပါဘူး။ အမှန်လည်းမရှိ ပါဘူး။ အမှားဆိုတာ သိရမဲ့အရာပါ ။ မြင်ရမဲ့အရာမဟုတ်ပါဘူး။ အမှားကို ကိုယ်ကိုယ်တိုင် သိမှ အမှန်တရားကို မြင်နိုင်မှာလေ။ ထားလိုက်ပါ ခပ်ပါး ပါးလေးပဲဆွေးနွေးတာကောင်းပါတယ်။သည်နေရာမှာဘယ်ပေတံနဲ့တိုင်းပြီး
အမှားရယ်အမှန်ရယ်ပြောရတာလဲ။သူပြောတဲ့ အမှားနဲ့ အမှန်ကိုကော သူသိရဲ့လား။
ဆက်လက်ဖေါ်ပြမည်----------------------
No comments:
Post a Comment