အမိမြေဖြစ်သော မြန်မာပြည်ကို မခွဲခွာချင် မခွာရက်ပေမဲ့ လောကနှင့်ဘ၀ကို ပညာ နဲ့အလှ ဆင်နိုင် ဖို့ရယ်,လောကဓံကို ကိုယ်ပိုင်ဟန်နဲ့ ကြံကြံခိုင်ခိုင် ခံနိုင်ရည်ရှိအောင်ရယ်ပေါ့ သားကောင်ကိုမြင်တွေ့သောခြင်္သေ့မင်းအလား ပညာရေးအတွက် တစ်ဟုန်ထိုး သင်ယူနေ
သောအဝေးရောက် အနာဂတ်သားကောင်းမြန်မာများအားလုံး နယ်ခြားမြေခြား မှာ ဘာသာစကား ကွဲပြားမှု, အစားအ သောက်, ယဉ်ကျေးမှု, ကွာခြားမှု ဘာသာရေး ကွာခြားမှု ရေမြေသဘောသဘာဝ ကွဲပြားမှုတွေကြောင့် ပြီးပြည့်စုံသော စိတ်ရဲ့သာယာေ ပျာ် ရွင်မှုကို အမိမြေလောက် မခံစားရသည်မှာ အသေအချာ ဖြစ်မှာပါ။
သောအဝေးရောက် အနာဂတ်သားကောင်းမြန်မာများအားလုံး နယ်ခြားမြေခြား မှာ ဘာသာစကား ကွဲပြားမှု, အစားအ သောက်, ယဉ်ကျေးမှု, ကွာခြားမှု ဘာသာရေး ကွာခြားမှု ရေမြေသဘောသဘာဝ ကွဲပြားမှုတွေကြောင့် ပြီးပြည့်စုံသော စိတ်ရဲ့သာယာေ ပျာ် ရွင်မှုကို အမိမြေလောက် မခံစားရသည်မှာ အသေအချာ ဖြစ်မှာပါ။
ပညာရေးဆိုတဲ့ အခြေအနေအကြောင့် ´´မလွဲသာလို့ခွဲခွာခဲ့ရတာပါ အမိ မြေ``ရယ်လို့ စိတ်ရဲ့တီးတိုးသံလေးကိုလည်း မိုးချိန်းသံလို ဘ၀ဂ်ညံနေလောက်မယ်ဆိုတာကိုလည်း ထပ်တူထပ်မျှ ဝေငှခံစားမိပါတယ်။ နတ်သုဒ္ဓါအလား နိုင်ငံရပ်ခြား တိုင်းပြည်များတွေရဲ့ အစားအသောက်တွေကို စားမျိုရစေကာမှု အမိမြေရှိ ပဲ,ငပိလောက် လျှာပေါ်မရောက်ခဲ့ပါဘူးဆိုတာ ကိုယ်တိုင် ကြုံတွေ့ခံစားရသူတစ်ယောက်နှယ် အရမ်းကို စာနာနားလည်မိတယ်။
ထိုအလားတူပါပဲ ချမ့်းမြေ့သာယာ အမိမြေ မြန်မာပြည်ကို စွန့်ခွာပြီး သမုဒ္ဒရာ ၀မ်းတစ်ထွာ ဖူလုံရေးနှင့် လူပုံအလယ်မှာ တင့်တောင့်တင့်တယ် နေနိုင်ထိုင်နိုင်စေရေးအတွက် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ အလုပ်လုပ်ခစားနေသော ပြည်ချစ်မြန်မာတွေဟာလည်း အမိမြေကို အမြဲတစေ အလွမ်းတွေနဲ့ ဝေဆာနေမှာပဲလို့ ယုံကြည်မိပါတယ်။
သို့ပါ၍ အကြောင်းကြောင့် အဝေးရောက်နေရပေမဲ့ မိမိရင်ခွင်နဲ့ ဘ၀င်အစဉ်မှာ အမိမြန်မာပြည်ဟာ ကြီးမားသောပြယုဂ်တစ်ခုအလား ထာဝရတည်တံ့ ထင်ရှားနေမယ်ဆိုတာ ဒီဗွီဒီယိုလေးက သက်သေထူတဲ့အ့နေနဲ့ ပြသနိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဝေးရောက် ပြည်ချစ်မြန်မာများ အမိမြေရဲ့ ရေမြေသဘာဝအလှကို အလွမ်းပြေစေတဲ့အနေနဲ့ တင်ပြခြင်းဖြစ် ပါတယ်။
· သာယာချမ်းမြေ့ စိတ်အာဟာရတွေ့ကြပါစေ--------