Saturday, June 4, 2011

သွေးအေး တိုက်ပွဲး - အဆက်

ကဲ- ဟုတ်ပါပြီ ------  
 သူပြောလိုက်တာက ``ဗုဒ္ဓသည် လိမ်ညာကောက်ကျစ်ရာ၊ ဒုက္ခသည်လည်း ၀မ်းနည်း ပူဆွေးရာ၊ အနတ္တသည်လည်း မတည်မြဲရာ``လို့ လေကန်သွားပါတယ်။ သူပြောတာ လက်ခံပါသည်။ မှန်ပါတယ်လို့ပဲ ထောက်ခံလိုက်ပါ့မယ်။ ဗုဒ္ဓသည် လိမ်ညာကောက်ကျစ်တာ မှန်ပါသည် ။ ဒါပေမဲ့ ဒို့ရဲ့ ဗုဒ္ဓဘာသာမှာ ကိုးကွယ်အားထားနေတဲ့ ဗုဒ္ဓမဟုတ်ဘူး ဆိုတာတော့ ပြောချင်ပါတယ်။ သူကိုးကွယ်နေတဲ့ သူ့ဗုဒ္ဓဖြစ်နေတာသေချာပါသည်။ သူကိုး ကွယ်တဲ့ဗုဒ္ဓဟာ လိမ်ညာကောက်ကျစ်တာဖြစ်လို့ သူ့ရဲ့ကိုးကွယ်မှုကို ပြန်လည် စိစစ်ဝေဘန် သုံးသပ်တဲ့အခါမှ ရလာတဲ့ အဖြေရလာဒ်အတိုင်း သူရေးသွားတာဖြစ်နိုင်ပါသည်။ ဒါကြောင့် သူအတွက်ကို ရည်စူးပြီး မှန်တယ်လို့ ဖြေပေးလိုက်တာပါ။ ဒို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာရဲ့ ဗုဒ္ဓဆိုတာ ဒို့ကိုယ်တိုင် နည်းမျိုးစုံနဲ့ ရှု့ထောင့်မျိုးစုံနဲ့ ဆန်းစစ်ဝေဘန်သုံးသပ်ခဲ့ပြီးသွားတဲ့အထိ လုံးဝကို လိမ်ညာတယ် ကောက်ကျစ်တယ်ဆိုတာ တစ်စိုးတစ်စိမျှ မတွေ့ရပါ။ ဒို့ဗုဒ္ဓဘာသာမှာ ´´ဗုဒ္ဓ`` အားလုံးပေါင်း (၅) မျိုးရှိပါတယ်။သိချင်လျှင်တော့ ဆရာတော်ဘုရားကြီးတွေ ဘုန်းဘုန်းတစ်ပါးပါးကို သွားမေးပြီး ကျမ်းဂန်မှာ သေသေချာချာ ဂဃဏန လေ့လာနိုင်ပါတယ်။ နောက်ပြီး ဒုက္ခဟာ ၀မ်းနည်းပူဆွေးရာလို့ သူပြောသွားပါတယ်။ 
ဝမ်းနည်းပူဆွေးတာကို ဒုက္ခရယ်လို့ ပြောလိုက်တာကိုက ဒီလူဟာ နာလပိန်းပဲဆိုတာ ဝေခွဲးပေးလိုက်တာပဲလေ။ ၀မ်းနည်းပူဆွေးခြင်းသည် ဒုက္ခရဲ့ အစိတ်အပိုင်းတစ်ခု သို့မဟုတ် ဒုက္ခအမွှားလေးတစ်ခုလေးတင်ပါပဲ။ ဒုက္ခရယ်လို့ ပြောဆိုခြင်းဟာဖြင့် လုံးဝကို အယူအဆလွဲမှားတယ်ဆိုတာ မေးစရာတောင် မလိုလောက်တော့ပါ။ နောက်တစ်ခုက အနတ္တသည်လည်း မတည်မြဲရာတဲ့။ ဒီတစ်လုံးလေးတော့ အပေါ်ယံ အဓိပ္ပါယ်လေးတော့ မှန်သလိုလိုပါပဲ။ မှန်တယ်လို့ပဲ ထားလိုက်ပါ ။ သိပ်ဟုတ်တာပေါ့ ရှာကြည့်လိုက်ပါ။ ဘယ်မှာလဲ တည်မြဲတဲ့အရာ။ တည်မြဲတဲ့အရာဆိုတာ ဘယ်ဟာမှ မရှိဘူးလေ။ အတ္တအစွဲတွေလွမ်းမိုးနေတဲ့ အိန္ဒိယပညာရှင်များရဲ့ အယူအဆကို မြတ်စွာဘုရားရှင်က သံတမန် နည်းကျကျနဲ့ အနတ္တဆိုတဲ့ လမ်းကြောင်းပေါ်ကို လက်ဆုပ်လက်ကိုင်ပြပေးလိုက်တာပဲလေ။ ဒီစကားသုံးခွန်းနဲ့ ပတ်သက်ပြီးတော့ အကျယ်တစ်ဝင့် ရှင်းပြရေးသားချင်ပါတယ်။ ဒါပေမဲ့ အချိန်အနည်းငယ်နဲ့ မလုံလောက်တဲ့အတွက် နောင်တစ်ချိန်အခွင့်သာမှ ကြိုးစားရးသားပေးမယ်လို့ မျော်လင့်ချက်ပဲ ပေးထားပါရစေဦးနော်။

ဆက်လက်------

No comments:

Post a Comment