ဟိုနား သတင်းလေးဖတ်ကြည့်လိုက်သေးသည် ခပ်လုပ်လုပ်ကလေး ယုံကြည်မိကာ စိတ်ပြောင်းလာချင်သလိုလိုပါပဲ။ ကိုယ့်ဟာကိုပဲ ပြန်စဉ်းစားမိပြန်ပါသည် `` ငါကပဲ မယုံရဲးသလား ´´ ``သူကပဲ အလုပ်နဲ့ အပြောနှစ်ခုကြားမှာ အစွန်းထွက်လေသလားပေါ့´´ ။ ကဲ ဟုတ်ပါပြီလေ ငါမယုံရဲးရလေခြင်းရဲ့ ဇစ်မြစ်ဟာ ဘာလဲလို့ အဖြေရှာစဉ်းစားရအောင်နော်။ လူတစ်ယောက်ရဲ့ယုံကြည်မှုကို နှစ်ခါထက်အလွန် အလွဲးသုံးစားလုပ်ခဲ့မိလျှင် ယုံကြည်မှုဟာ အလိုလို ပျက်ပြယ်သွားတတ်တာ လူသားတွေရဲ့ ဒဿနဖြစ်စဉ်တစ်ခုပါပဲ မဟုတ်လား။ အပ်ကြောင်းထပ်နေအောင် ယုံကြည်မှုကိုပျက်ပြားသွားစေတာမျိုးဆိုတော့ ငါမယုံရဲးတာ ငါ့အပြစ်လေလား စွတ်အတင်း ပြစ်တင်လိုက်ချင်သေးတယ်။ ယုံကြည်မှုတစ်ခုပျက်ပြားသွားစေဖို့ လုပ်ရတာ လွယ်ကူသလောက် ယုံကြည်မှုတစ်ခု ပြန်ရဖို့ဆိုတာ လုပ်ရတာ အတော်ကို ခက်ခဲးလှပါဘိနော်။ ဒါကြောင့် လူတွေမှာ လက်ရှိရနေတဲ့ ယုံကြည်မှုကို ဘယ်လိုဆက်ထိန်းထားရမှာလဲ ပိုခိုင်းမြဲအောင် ဘယ်လိုကြိုးစား လုပ်ဆောင်ရမှာလဲဆိုတာကို စဉ်းစားလုပ်ဆောင်နိုင်မှသာ သာယာချမ်းမြေ့တဲ့ လောကကြီးကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။
Tuesday, October 25, 2011
Wednesday, August 3, 2011
ဟာသစာစုလေးများ
၁။ပေါ့ပါးသွားမှာပေါ့။
ခွဲစိတ်ပြီး၍ သတိရလာသော လူနာက ဆရာဝန်ကိုပြောသည်။
“ဒေါက်တာ ခွဲစိတ်ပြီးမှပဲ ကျွန်တော် တစ်ကိုယ်လုံး ပေါ့သွားသလိုပဲ”
![]() |
Add caption |
၂။ဖြည်းဖြည်းချင်း
“ဒေါက်တာ၊ ဆရာနုတ်လိုက်တဲ့ သွားက အကောင်းချည်း၊ နာနေတဲ့သွားက ဟိုဘက်အခြမ်းမှာ ဗျ” “အေးဆေးပေါ့၊ ကျွန်တော် အဲ့ဘက်ကို ဖြည်းဖြည်းချင်းလာမှာပါဗျ”
![]() |
Add caption |
၃ ။အပြစ် တရားခံ -
“လူကြီးမင်းရဲ့ ယောက္ခမ အသက်ကို ကျွန်တော် ကယ်ခဲ့ဖူးတယ်နော်”
တရားသူကြီး - “တခြားဘာအပြစ်ရှိသေးလဲ”အးဗျာ၊
ခင်ဗျားမခွဲစိတ်ခင်တုန်းက လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ရှိခဲ့တာကလား”
================================
၎။ အော်နေကျပဲဟာ
မုဆိုးဖို တရားရုံးတွင် အစစ်ခံသည်။
“ကျွန်တော် မိန်းမရေနစ်နေတယ်လို့ ထင်ကိုမထင်ဘူး၊
သူ့အော်နေပုံက အိမ်မှာအော်နေတဲ့အတိုင်း ဖြစ်နေတာကို”
****************************************
![]() |
Add caption |
၅။ မုဆိုးကျော်
အိမ်နံရံတွင် ချိတ်ထားသော ကျားအရေခွံကို ကြည့်ပြီးမိတ်ဆွေမေးသည်။
“ဒီအကောင်ကို ခင်ဗျားဘယ်နှစ်ချက် ပစ်လိုက်ရသလဲ” “ဆယ်ချက်”
“ဘယ်နှစ်ချက် ထိသလဲ” “ဘယ်နှစ်ချက်မှ မထိဘူး”
“ဘယ်လို၊ ဒါဆိုဒီအကောင် ဘယ်လိုသေသွားလဲ”
“အရယ်လွန်လို့”
*************************************
![]() |
Add caption |
၆။ တိုးတိုးပျံခိုင်းပါ
လေယာဉ်မယ် - ‘ကျွန်မတို့လေယာဉ်ဟာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံနေပါတယ်”
ခရီးသည်အမျိုးသမီး - “လေယာဉ်မှုးကို ဒီထက်အသံတိုးတိုးပျံခိုင်းပါ၊
ဘေးခုံက အမျိုးသမီးနဲ့ စကားပြောချင်လို့”
***************************************
![]() |
Add caption |
၇ ။ဈေးများပိုပေါမလားလို့
အရက်ဘားထဲသို့ စကောတလန်သားတစ်ယောက်ရောက်လာပြီး ဘားမှစားပွဲထိုးကို မေးသည်။ “ကော့ညက်တစ်ခွက် ဘယ်လောက်လဲ” “ဘားမှာ ထိုင်ပြီးသောက်ရင် နှစ်ဖရန့်၊ ရပ်ပြီးသောက်ရင်တော့ တစ်ဖရန့်ခွဲပဲ ကျပါတယ်”
“ခြေတစ်ချောင်းပဲ ထောက်ပြီးသောက်ရင်ကော”
![]() |
Add caption |
၈။ အလျင်မလိုဘူး
ရထားလက်မှတ်စောင့်က အမျိုးသမီးကြီးကို ပြောသည်။
“အစ်မကြီး၊ ဒါကအမြန်ရထား အစ်မကြီးလက်မှတ်က ရိုးရိုလက်မှတ်ဖြစ်နေတယ်၊
ဒါကြောင့် ပိုက်ဆံထပ်ပေးရပါမယ်။”
“ဘာပြောတယ်၊ ရထားကိုအရှိန်လျှော့မောင်းချင် မောင်းလိုက် ငါအလျင်မလိုဘူးဟေ့”
*********************************************************
![]() |
Add caption |
၉။ အရေးကြီးတယ်
တပ်ကြပ်ကြီးက ရဲဘော်များကို ပြောသည်။
“အခု တာဝန်ဟာ အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်တယ်၊ အလွန်လည်း အန္တရာယ်များတယ်၊
ဒါကြောင့် ငါ့ဆီက ပိုက်ဆံမချေး ထားတဲ့ ရဲဘော်သုံးယောက် ရှေ့ကို တစ်လှမ်းတိုး”
*************************************************
![]() |
Add caption |
၁၀။ အဆိုးဆုံး
ဆရာဝန်က လူနာကိုပြောသည်။
“အဆိုးဆုံးကို ရင်ဆိုင်ရဖို့ ပြင်ထားပေတော့”
“ကျွန်တော် သေတော့မှာလားဟင်”
“မဟုတ်ပါဘူး၊ ဈေးအကြီးဆုံးဆေးကို ထိုးပေးတော့မလို့”
================================
![]() |
Add caption |
၁၁။ တာဝန်ကျေတဲ့သားတွေ
မိမိသေလျှင် ပင်လယ်ထဲမြှုပ်ရန် ချူချာအဖိုးကြီး မှာခဲ့သည်။
ပင်လယ်ထဲတွင် အဖေ့အတွက် တွင်းတူးရင်း သားနှစ်ယောက်စလုံး ရေနှစ်သေဆုံးသွားသည်။
*********************************
၁၂။ မျက်စိပါပေမယ့်
ကိုချူချာ မော်တော်ကားဝယ်သည်။
ဝယ်သောကားကို မောင်းလာရာ သစ်ပင်ကိုဝင်တိုက်မိသည်။
ကိုချူချာ ကားထဲမှ ထွက်လာကာ ရှေ့မီးနှစ်လုံးကို ပိတ်ကန်ရင်း ပါးစပ်ကလည်း ပြောသည်။ “မျက်လုံးကျတော့ ဒီလောက်ကြီးပြီး ဘာကိုမှမမြင်ဘူး။
တောက်”
****************************
![]() |
Add caption |
၁၃။ ဆေး
“ကြားပြီးပြီလား၊ အမေရိကန်နိုင်ငံက ဆေးတစ်မျိုးတီထွင်လိုက်တယ် တဲ့၊
အဲဒီဆေးကို သေနေတဲ့လူရဲ့ လက်ထဲကို ထိုးထည့်လိုက်ရင် သေသူနဲ့ နှစ်နာရီ ကြာစကားပြောလို့ ရတယ်တဲ့”
“တယ်ဟုတ်ပါလား”
“ဒါပေမယ့် သေသူကတော့ ဘာမှပြန်မပြောနိုင်ဘူးတဲ့”
*********************************************
![]() |
Add caption |
၁၄။ လောင်စာကုန်မှ
မိန်းမတစ်ယောက် ဆရာဝန်ထံ ဖုန်းဆက်ပြောသည်။
“ဆရာ၊ ကျွန်မယောကျာ်း ဓာတ်ဆီသောက်မိလို့”
“အခု သူဘာလုပ်နေလဲ”
“သူခြံကို ပတ်ပြေးနေတယ်”
“ထားထားလိုက်၊
ဆီကုန်ရင် သူ့အလိုလိုရပ်သွားလိမ့်မယ်”
********************************************
![]() |
Add caption |
၁၅။ သူ့ထက်သူလူစွမ်းကောင်း
ထောင်ထဲသို့ လူသစ်ဝင်လာသည်။ လူဟောင်းများက ဝိုင်းမေးကြသည်။
“ဘာပုဒ်မနဲ့ ကျလဲ” “၄၀၁” “အဲဒါဘာလဲ” “လူသားစားတဲ့အမှု” အကျဉ်းသားများရှဲခနဲ ဖြစ်သွားသည်။ မိမိတို့ကိုအခန်းပြောင်းပေးရန် ထောင်ပိုင်ကြီးဆီ တောင်းပန်ကြသည်။ တစ်ယောက်သာ နေရာမှမရွေ့ဘဲ အေးအေးဆေးဆေး နေသည်။
လူသစ်က မေးသည်။
“ခင်ဗျားကော ဘာအမှုနဲ့ကျတာလဲ” “ပုဒ်မ ၄၀၂” “အဲဒါကကော ဘာလဲ” “လူသားစားတဲ့လူကိုမှ ရွေးစားမှု”
*******************************************************************
ပျော်ရွှင်နိုင်ကြပါစေ။
Tuesday, August 2, 2011
အချစ် ရှိ/မရှိ အမေးအဖြညှိ
ယနေ့ ထူးထူးခြားခြား တစ်စုံ တစ်ယောက်က မေးခွန်း တစ်ခု မေးလာသည်။
ထိုမေးခွန်းမှာ - - - မင်းမှာ ရည်းစားတွေ အများကြီး ရှိခဲ့ဖူးတယ်ဆိုရင် သူတို့ကို မင်း တစ်ကယ်ချစ်ခဲ့ သလား၊ သို့မဟုတ် မင်းကို တစ်ကယ်ချစ်တဲ့ သူနဲ့ရော တွေ့ခဲ့ဖူးလား ဆိုတဲ့ မေးခွန်းပါ။
မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်မှာ – “သူတို့သည်လည်း မိမိအား အမှန်တကယ်ချစ်ခြင်း မဟုတ်ကြပါ၊ မိမိကလည်း သူတို့ကို အမှန်တကယ်ချစ်ခြင်း မဟုတ်ပါ” ဟုဖြစ်သည်။
မေးသူက အတော်အံ့အား သင့်သွားပြီး၊ ဒါဆိုရင် မင်းမှာ အချစ်ဆိုတာ မရှိဖူးလား၊ နောက် မင်းကို တစ် ကယ်ချစ်တဲ့သူ မတွေ့ဖူးဖူး ဆိုတာ ဘယ်လို ပြောနိုင်သလဲလို့ ထပ်ဆင့် မေးလာပြန်ပါတယ်။
သူ့ကို မိမိ သိထားဖူးတဲ့ ဗဟုသုတနဲ့ ရှင်းပြလိုက် ဖြစ်ပါတယ်။..ဒီလိုပါ- - ချစ်တယ်ဆိုတာ ဘာဖြစ်ပါ သလဲ။
ချစ်တယ်ဆိုသည်မှာ မိမိရင်ထဲမှ ထိုသူ တစ်ဦးတစ်ယောက်အား ပျော်ရွင်စေလိုခြင်း၊ သာယာစေလိုခြင်း၊ ချမ်းသာ စေလိုခြင်း၊ အောင်မြင် စေလိုခြင်း ကို ခေါ်တယ်လို့ ထင်ပါတယ်။ မုန်းတယ် ဆိုတာက ထိုသို့ ချစ်ခြင်းကြောင့် ဖြစ်စေချင်ခြင်းများကို ဆန့်ကျင်ဖက် ဖြစ်စေချင်တာ မုန်းတာ ဖြစ်ပါလိမ့်မယ်။
ရှေးဦးစွာ မိမိကိုယ်မိမိ ကြည့်လျှင် မိန်းကလေးတစ်ဦးအား ချစ်ပါသည်။ ထိုမိန်းကလေးသည် မိမိ အား စော်ကားခြင်း၊ ကန်ကျောက် ရိုက်ပုတ်ခြင်း၊ သစ္စာမရှိခြင်း၊ လိမ်ညာခြင်း၊ မိမိအား စိတ်ချမ်းသာမှု မပေးနိုင်ခြင်း စသည်ဖြင့် မိမိ စိတ်အလိုကျ မဖြစ်သည့် အခါ ထိုမိန်းကလေးအား မချစ်တော့ပါ။
ထိုအခါ စမ်းစစ်ကြည့်ဖို့ လိုပါသည်။ မိမိသည် သူ့အားချစ်သည် ဆိုခြင်းများဟာ သူ့အတွက်လား၊ မိမိ အလိုပြည့်စေရန် အတွက်လား ဆိုသည်ကို သတိပြုသင့် ပါသည်။ သို့ဆိုလျှင် မိမိကိုယ်မိမိ ချစ်ခြင်း နှင့် သူ့ကို မိမိကချစ်ခြင်း ခွဲခြား နိုင်ပါလိမ့်မည်။
ထိုနည်းတူ မိန်းကလေးတစ်ဦးက မိမိချစ်သည်ဆိုခြင်းမှာလည်း မိမိက အခြားမိန်းမများနှင့် ပျော်ပါး သွားလာ
နေသည့်အခါ၊ သူ့အား ရိုက်ပုတ်ကန်ကျောက်၍ အနိုင်ကျင့် သည့်အခါ၊ သူ့ စိတ်အလိုကျ မဖြစ်သည့် အခါမျိုးတွင် မိမိအား သူက ချစ်နေပါဦးမည်လား။ ထိုအခါ အချစ်များ လွှင့်ပါး ကုန်မည်လား။
တကယ်တော့ အချစ်ဆိုတာ – တစ်လမ်းသွား ဖြစ်ပါတယ်။ ရယူလိုခြင်း ရှိသမျှ သူတစ်ပါးကို ချစ်ခြင်း လို့ မဆိုနိုင်ပါ။ မိမိအလိုကျလျှင် ချစ်မည်၊ အလိုမကျသည့် အခါ မချစ်တော့ ဆိုသည်မှာ ကြိုက်နှစ်သက်ခြင်း တစ်ခုဖြစ်ပြီး၊ ကြိုက်နှစ်သက်သည် ဆိုသည်မှာ လောဘ ပါသည့် မိမိကိုယ် မိမိ ချစ်ခင်ခြင်းသာ ဖြစ်သည်။ တစ်ဖက်က အမြင်နဲ့ လေ့လာကြည့်ပါ။
ဥပမာ- မိခင်၊ ဖခင်က သားသမီးကို ချစ်ခြင်းမှာ သူ့ဆီက လိုလား တောင်းတမှု တစ်စုံ တစ်ရာမပါပါ။ သူတို့ စိတ်တိုင်းကျ သည်ဖြစ်စေ၊ စိတ်တိုင်းမကျသည် ဖြစ်စေ၊ မိမိအား ချစ်သော အချစ်သည် တစ်ကယ်တမ်း မလျှော့ပါ။ သူတို့အား ကန်ပုတ် စိတ်မချမ်းမွေ့ရာ လုပ်လဲ သူတို့သည် မုန်းမည် မဟုတ်ပါ။ မိမိ ချမ်းသာ ပျော်ရွင်ခြင်းကိုသာ သူတို့ လိုလားကြသည်။ ထို့ကြောင့် မိဘသည် သားသမီးကို ကြိုက်ခြင်း မဟုတ်ပါ၊ ချစ်ခြင်းဖြစ်သည်။
ထိုသို့ ချစ်ခြင်းနဲ့ ပတ်သက်သည့် အဓိပ္ပါယ် ဖွင့်ထားတဲ့ အီးမေးလ် တစ်စောင် ရဖူးပါတယ်။ အဲဒီ အီးမေးလ်မှာ ရှင်းပြထားတာက ပိုလို့ ပြည့်စုံပါလိမ့်မယ်။
အောက်မှာဖတ်ကြည့်ပါ။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။....ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။ မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။....ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။ ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။.....ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။ မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။.....ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။ လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။.....ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။ သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။.....ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။ အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။.....ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။ သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။.....ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။ သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။.....ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။ အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။.....ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။ သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။.....ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။ သူ ဝမ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။.....ဒါမှ အချစ်လေ။ သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။.....အဲဒါ အချစ်လေ။ မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။.....ဒါမှ အချစ်လေ။ ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။.....ဒါဆို အချစ်လေ။ သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။.....အဲဒါ အချစ်ပါ။ တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။....ဒါဆို အချစ်လေ။ မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘဝကို သူ့ကို ပေးဖို့ ဝန်မလေးဘူးလား။.....ဒါဟာ အချစ်ပဲပေါ့ (Forward Mail မှရခြင်းဖြစ်ပါသည်)
Monday, August 1, 2011
မနာလိုစိတ်
![]() |
Add caption |
မနာလိုစိတ်ဟာ လူတွေမှာမွေးကတည်းက ကပ်ပါလာတဲ့ စိတ်ပဲ။ အနည်းနဲ့ အများတော့ ရှိကြတာဘဲ။ သူတစ် ပါးကောင်းစားတာကို မရှုစိမ့်တဲ့စိတ်ဟာ တစ်ချို့လူတွေ မှာ အတော်ကြီးမား ပြင်းထန်တယ်။ အဲဒီ စိတ်ဟာ သူတို့ ကိုဘဲ ပြန်ပြီး နှိပ်စက်တယ်။ မနာလိုအဖြစ် ခံရတဲ့လူကို
နှိပ်စက်ဖို့ အကြောင်းကတော့ အတော်ဘဲ နည်းတယ်။
မနာလိုစိတ်ဟာ ကိုယ့်မှာအကျိုးမရှိဘူးဆိုတာ သိတန်သလောက်သိပေမဲ့ဖျောက်ဖျက်လို့ ရနိုင်ဖို့ခဲယဉ်း တယ်။ဘယ်လောက်ပဲ သဘောထားကျယ်ပြန့် တယ်ဆို ဆို မနာလိုစိတ် ကလေးတော့ နည်းနည်းကျဉ်းကျဉ်း ရှိသေး တာဘဲ။ ကိုယ့်ကိုယ်ကို သိချင်မှ တောင် သိမယ်။
မနာလိုစိတ်ကို တတ်နိုင်သလောက် ကင်းရှင်းအောင် ကြိုးစားရာမှာ မုဒိတာတရား ပွားများရပေမယ်။ သူတစ် ပါးကောင်းစားတာကိုနှစ်လိုမှုရှိဘို့ဟာ ကြိုးပမ်း ဆည်းပူး ယူရတဲ့ တရားမျိုးဘဲ။ မလွယ်ဘူး။ မနာလို စိတ်ဟာ လူတွေမှာ အတော်များများရှိကြလို့ မဖြစ်တန်တဲ့ ဒုက္ခတွေ ဖြစ်ကုန်ကြတာဘဲ။ မနာလိုစိတ် ရှိတဲ့ လူတွေကို လွတ်အောင် ရှောင်နိုင်ဘို့ကတော့ ခက်တယ်။
လူတောထဲမှာ နေရသှမျှ မနာလိုစိတ်တွေကို ပတ်ဝန်းကျင်မှာ တွေ့ရမှာဘဲ။ ကိုယ်လဲ ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်း ဖြစ်နေတော့ ကိုယ့်အတွင်း သန္တာန်မှာလဲ ရှိနေတာဘဲ။
မနာလိုစိတ် တွေရဲ့ သြဇာကို ကိုယ်က မခံယူဘို့ ကြိုးစားရမယ်။ ဆိုချင်တာကတော့။ သူများ မနာလို တာကို ဂရုစိုက်မနေဘဲ ကိုယ့်လမ်းကို မှန်မှန်သွားဘို့ပါပဲ။ မနာလိုသူတွေဟာ နောက်ဆုံးကျတော့မောသွား ကြ မယ်။ ငြိမ်သွား ကြမယ်။ မငြိမ်ဘဲ ဆက်ပြီး တိုက်နေယင်လဲ အချည်းနှီးဘဲ ဖြစ်နေလိမ့်မယ်။
မနာလိုစိတ် တွေရဲ့ သြဇာကို ကိုယ်က မခံယူဘို့ ကြိုးစားရမယ်။ ဆိုချင်တာကတော့။ သူများ မနာလို တာကို ဂရုစိုက်မနေဘဲ ကိုယ့်လမ်းကို မှန်မှန်သွားဘို့ပါပဲ။ မနာလိုသူတွေဟာ နောက်ဆုံးကျတော့မောသွား ကြ မယ်။ ငြိမ်သွား ကြမယ်။ မငြိမ်ဘဲ ဆက်ပြီး တိုက်နေယင်လဲ အချည်းနှီးဘဲ ဖြစ်နေလိမ့်မယ်။
မနာလိုမှုတွေရဲ့ သြဇာကို တွန်းလှန်နိုင်ဘို့ကတော့ ခိုင်မာ မှန်ကန်တဲ့ စိတ်ဓာတ်ပဲ။ လုပ်သင့်တယ် ထင်တာကို ဆင်ဆင်ခြင်ခြင် နဲ့ လုပ်ပြီး လူ့ဝတ္တရား ကျေပွန်ရင် မနာလိုစိတ်တွေဟာ မီးကိုတိုးတဲ့ ပိုးဖလန်တွေ ဖြစ်သွားမှာ အမှန်ပဲ။
ဆရာကြီး တက်တိုး၏ အတွေးအခေါ်မှတ်စုများစာအုပ်မှ
ဥပေက္ခာ
တရားကို ပိတ်စို့
မင်းရင်ထဲက တိတ်တဆိတ်
လာတဲ့ ဓားသွားမှာ အချစ်တွေ ပါပါစေ
အိပ်မက်တွေကြွေပျက် နွေသစ်ရွက်လိုကော့ပျံ
စိတ်ပျက်စရာ အမုန်း ရှိနေပါစေ
မင်းအနာဂတ်ရဲ့
ကောင်းကင်ယံမှာ
တောင်ပံတွေ ညောင်းလို့
စိတ်ထောင်း . . . . . . . . . . ကိုယ်ကြေ
ငါ့အရိပ်မှာလာနား . . . . . သင်းပျံ့သွားတဲ့အခါ
ကျန်ရစ်ခဲ့တဲ့ဒဏ်ရာ . . . . . . . ငါ့ လွမ်း ဆွတ် ခြင်း ဖိတ် စာ
နှစ် ကာလတွေ စုဆောင်းရင်း
စက္ကန့်တံတွေရဲ့ တောလဲ အော်မြည်သံအောက်မှာ
သတိရခြင်းရဲ့
စစ်သည်တော်တွေဟာ
မြှားဦးမှာ တမ်းတခြင်းကို ချည်နှောင်ရင်း
ငါ့အတွက် . . . .
. . . . . . . . . ရက်စက်ခြင်း
အဆိပ်တစ်ခွက်နဲ့ . . . . . . . . . .
အိပ်မက်ဆိုးတွေ . . . . . . . . . . . . . . ကို
တိတ်တိတ်လေး . . . . . . . . . . . . . . . .ပို့လိုက်ကြတဲ့
အချစ်မဲ့ . . . . . . . . . . . . . . . . လွမ်း ဆွတ် ခြင်း ဖိတ် စာ
တရားကို ပိတ်စို့
မင်းရင်ထဲက တိတ်တဆိတ်
လာတဲ့ ဓားသွားမှာ အချစ်တွေ ပါပါစေ
အိပ်မက်တွေကြွေပျက် နွေသစ်ရွက်လိုကော့ပျံ
စိတ်ပျက်စရာ အမုန်း ရှိနေပါစေ
မင်းအနာဂတ်ရဲ့
ကောင်းကင်ယံမှာ
တောင်ပံတွေ ညောင်းလို့
စိတ်ထောင်း . . . . . . . . . . ကိုယ်ကြေ
ငါ့အရိပ်မှာလာနား . . . . . သင်းပျံ့သွားတဲ့အခါ
ကျန်ရစ်ခဲ့တဲ့ဒဏ်ရာ . . . . . . . ငါ့ လွမ်း ဆွတ် ခြင်း ဖိတ် စာ
နှစ် ကာလတွေ စုဆောင်းရင်း
စက္ကန့်တံတွေရဲ့ တောလဲ အော်မြည်သံအောက်မှာ
သတိရခြင်းရဲ့
စစ်သည်တော်တွေဟာ
မြှားဦးမှာ တမ်းတခြင်းကို ချည်နှောင်ရင်း
ငါ့အတွက် . . . .
. . . . . . . . . ရက်စက်ခြင်း
အဆိပ်တစ်ခွက်နဲ့ . . . . . . . . . .
အိပ်မက်ဆိုးတွေ . . . . . . . . . . . . . . ကို
တိတ်တိတ်လေး . . . . . . . . . . . . . . . .ပို့လိုက်ကြတဲ့
အချစ်မဲ့ . . . . . . . . . . . . . . . . လွမ်း ဆွတ် ခြင်း ဖိတ် စာ
Subscribe to:
Posts (Atom)