Tuesday, October 25, 2011

အပြင်းပြေလေးနော်

      ဟိုနား သတင်းလေးဖတ်ကြည့်လိုက်သေးသည်  ခပ်လုပ်လုပ်ကလေး ယုံကြည်မိကာ စိတ်ပြောင်းလာချင်သလိုလိုပါပဲ။  ကိုယ့်ဟာကိုပဲ ပြန်စဉ်းစားမိပြန်ပါသည် `` ငါကပဲ မယုံရဲးသလား ´´  ``သူကပဲ အလုပ်နဲ့ အပြောနှစ်ခုကြားမှာ အစွန်းထွက်လေသလားပေါ့´´ ။  ကဲ ဟုတ်ပါပြီလေ ငါမယုံရဲးရလေခြင်းရဲ့ ဇစ်မြစ်ဟာ ဘာလဲလို့ အဖြေရှာစဉ်းစားရအောင်နော်။ လူတစ်ယောက်ရဲ့ယုံကြည်မှုကို နှစ်ခါထက်အလွန် အလွဲးသုံးစားလုပ်ခဲ့မိလျှင် ယုံကြည်မှုဟာ အလိုလို ပျက်ပြယ်သွားတတ်တာ လူသားတွေရဲ့ ဒဿနဖြစ်စဉ်တစ်ခုပါပဲ မဟုတ်လား။ အပ်ကြောင်းထပ်နေအောင် ယုံကြည်မှုကိုပျက်ပြားသွားစေတာမျိုးဆိုတော့ ငါမယုံရဲးတာ ငါ့အပြစ်လေလား စွတ်အတင်း ပြစ်တင်လိုက်ချင်သေးတယ်။ ယုံကြည်မှုတစ်ခုပျက်ပြားသွားစေဖို့ လုပ်ရတာ လွယ်ကူသလောက် ယုံကြည်မှုတစ်ခု ပြန်ရဖို့ဆိုတာ လုပ်ရတာ အတော်ကို ခက်ခဲးလှပါဘိနော်။ ဒါကြောင့် လူတွေမှာ လက်ရှိရနေတဲ့ ယုံကြည်မှုကို ဘယ်လိုဆက်ထိန်းထားရမှာလဲ ပိုခိုင်းမြဲအောင် ဘယ်လိုကြိုးစား လုပ်ဆောင်ရမှာလဲဆိုတာကို စဉ်းစားလုပ်ဆောင်နိုင်မှသာ သာယာချမ်းမြေ့တဲ့ လောကကြီးကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။

No comments:

Post a Comment