Wednesday, August 3, 2011

ဟာသစာစုလေးများ



၁။ပေါ့ပါးသွားမှာပေါ့။   
ခွဲစိတ်ပြီး၍ သတိရလာသော လူနာက ဆရာဝန်ကိုပြောသည်။  
“ဒေါက်တာ ခွဲစိတ်ပြီးမှပဲ ကျွန်တော် တစ်ကိုယ်လုံး ပေါ့သွားသလိုပဲ”  





Add caption
၂။ဖြည်းဖြည်းချင်း  

“ဒေါက်တာ၊ ဆရာနုတ်လိုက်တဲ့ သွားက အကောင်းချည်း၊ နာနေတဲ့သွားက ဟိုဘက်အခြမ်းမှာ ဗျ”  “အေးဆေးပေါ့၊ ကျွန်တော် အဲ့ဘက်ကို ဖြည်းဖြည်းချင်းလာမှာပါဗျ”  







Add caption
၃ ။အပြစ်   တရားခံ -

“လူကြီးမင်းရဲ့ ယောက္ခမ အသက်ကို ကျွန်တော် ကယ်ခဲ့ဖူးတယ်နော်”  
တရားသူကြီး - “တခြားဘာအပြစ်ရှိသေးလဲ”အးဗျာ၊ 
ခင်ဗျားမခွဲစိတ်ခင်တုန်းက လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ရှိခဲ့တာကလား”  
================================





၎။ အော်နေကျပဲဟာ 

မုဆိုးဖို တရားရုံးတွင် အစစ်ခံသည်။ 
“ကျွန်တော် မိန်းမရေနစ်နေတယ်လို့ ထင်ကိုမထင်ဘူး၊
သူ့အော်နေပုံက အိမ်မှာအော်နေတဲ့အတိုင်း ဖြစ်နေတာကို”    

****************************************  



Add caption
၅။ မုဆိုးကျော်   

အိမ်နံရံတွင် ချိတ်ထားသော ကျားအရေခွံကို ကြည့်ပြီးမိတ်ဆွေမေးသည်။ 
“ဒီအကောင်ကို ခင်ဗျားဘယ်နှစ်ချက် ပစ်လိုက်ရသလဲ”  “ဆယ်ချက်”  
“ဘယ်နှစ်ချက် ထိသလဲ”  “ဘယ်နှစ်ချက်မှ မထိဘူး”  
“ဘယ်လို၊ ဒါဆိုဒီအကောင် ဘယ်လိုသေသွားလဲ”  
“အရယ်လွန်လို့” 

    *************************************  


Add caption



၆။ တိုးတိုးပျံခိုင်းပါ 

   လေယာဉ်မယ် - ‘ကျွန်မတို့လေယာဉ်ဟာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံနေပါတယ်”  
ခရီးသည်အမျိုးသမီး - “လေယာဉ်မှုးကို ဒီထက်အသံတိုးတိုးပျံခိုင်းပါ၊
ဘေးခုံက အမျိုးသမီးနဲ့ စကားပြောချင်လို့”

  *************************************** 




Add caption
၇ ။ဈေးများပိုပေါမလားလို့ 

  အရက်ဘားထဲသို့ စကောတလန်သားတစ်ယောက်ရောက်လာပြီး ဘားမှစားပွဲထိုးကို မေးသည်။  “ကော့ညက်တစ်ခွက် ဘယ်လောက်လဲ”  “ဘားမှာ ထိုင်ပြီးသောက်ရင် နှစ်ဖရန့်၊ ရပ်ပြီးသောက်ရင်တော့ တစ်ဖရန့်ခွဲပဲ ကျပါတယ်”  
“ခြေတစ်ချောင်းပဲ ထောက်ပြီးသောက်ရင်ကော”    





Add caption

၈။ အလျင်မလိုဘူး  

ရထားလက်မှတ်စောင့်က အမျိုးသမီးကြီးကို ပြောသည်။  
“အစ်မကြီး၊ ဒါကအမြန်ရထား အစ်မကြီးလက်မှတ်က ရိုးရိုလက်မှတ်ဖြစ်နေတယ်၊ 
ဒါကြောင့် ပိုက်ဆံထပ်ပေးရပါမယ်။” 
“ဘာပြောတယ်၊ ရထားကိုအရှိန်လျှော့မောင်းချင် မောင်းလိုက် ငါအလျင်မလိုဘူးဟေ့”   

********************************************************* 
Add caption



၉။ အရေးကြီးတယ်  

တပ်ကြပ်ကြီးက ရဲဘော်များကို ပြောသည်။  
“အခု တာဝန်ဟာ အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်တယ်၊  အလွန်လည်း အန္တရာယ်များတယ်၊
ဒါကြောင့် ငါ့ဆီက ပိုက်ဆံမချေး  ထားတဲ့ ရဲဘော်သုံးယောက် ရှေ့ကို တစ်လှမ်းတိုး” 

************************************************* 

Add caption
၁၀။ အဆိုးဆုံး  

ဆရာဝန်က လူနာကိုပြောသည်။  
“အဆိုးဆုံးကို ရင်ဆိုင်ရဖို့ ပြင်ထားပေတော့” 
“ကျွန်တော် သေတော့မှာလားဟင်”  
“မဟုတ်ပါဘူး၊ ဈေးအကြီးဆုံးဆေးကို ထိုးပေးတော့မလို့” 

================================





Add caption

  ၁၁။ တာဝန်ကျေတဲ့သားတွေ  

  မိမိသေလျှင် ပင်လယ်ထဲမြှုပ်ရန် ချူချာအဖိုးကြီး မှာခဲ့သည်။  
ပင်လယ်ထဲတွင် အဖေ့အတွက် တွင်းတူးရင်း သားနှစ်ယောက်စလုံး  ရေနှစ်သေဆုံးသွားသည်။  

********************************* 






၁၂။ မျက်စိပါပေမယ့်  

  ကိုချူချာ မော်တော်ကားဝယ်သည်။ 
ဝယ်သောကားကို မောင်းလာရာ သစ်ပင်ကိုဝင်တိုက်မိသည်။
ကိုချူချာ ကားထဲမှ ထွက်လာကာ  ရှေ့မီးနှစ်လုံးကို ပိတ်ကန်ရင်း ပါးစပ်ကလည်း ပြောသည်။  “မျက်လုံးကျတော့ ဒီလောက်ကြီးပြီး ဘာကိုမှမမြင်ဘူး။
တောက်”   

                                                                          **************************** 






Add caption
၁၃။ ဆေး  

“ကြားပြီးပြီလား၊ အမေရိကန်နိုင်ငံက ဆေးတစ်မျိုးတီထွင်လိုက်တယ်  တဲ့၊ 
အဲဒီဆေးကို သေနေတဲ့လူရဲ့ လက်ထဲကို ထိုးထည့်လိုက်ရင် သေသူနဲ့  နှစ်နာရီ ကြာစကားပြောလို့ ရတယ်တဲ့”  
“တယ်ဟုတ်ပါလား”  
“ဒါပေမယ့် သေသူကတော့ ဘာမှပြန်မပြောနိုင်ဘူးတဲ့”   

********************************************* 



Add caption
၁၄။ လောင်စာကုန်မှ 

မိန်းမတစ်ယောက် ဆရာဝန်ထံ ဖုန်းဆက်ပြောသည်။  
“ဆရာ၊ ကျွန်မယောကျာ်း ဓာတ်ဆီသောက်မိလို့” 
“အခု သူဘာလုပ်နေလဲ” 
“သူခြံကို ပတ်ပြေးနေတယ်” 
“ထားထားလိုက်၊
ဆီကုန်ရင် သူ့အလိုလိုရပ်သွားလိမ့်မယ်”    

********************************************  

Add caption
၁၅။ သူ့ထက်သူလူစွမ်းကောင်း 

  ထောင်ထဲသို့ လူသစ်ဝင်လာသည်။ လူဟောင်းများက ဝိုင်းမေးကြသည်။ 
“ဘာပုဒ်မနဲ့ ကျလဲ”  “၄၀၁”  “အဲဒါဘာလဲ”  “လူသားစားတဲ့အမှု”  အကျဉ်းသားများရှဲခနဲ ဖြစ်သွားသည်။ မိမိတို့ကိုအခန်းပြောင်းပေးရန်  ထောင်ပိုင်ကြီးဆီ တောင်းပန်ကြသည်။ တစ်ယောက်သာ နေရာမှမရွေ့ဘဲ  အေးအေးဆေးဆေး နေသည်။ 
လူသစ်က မေးသည်။  
“ခင်ဗျားကော ဘာအမှုနဲ့ကျတာလဲ”  “ပုဒ်မ ၄၀၂”  “အဲဒါကကော ဘာလဲ”  “လူသားစားတဲ့လူကိုမှ ရွေးစားမှု” 

*******************************************************************
ပျော်ရွှင်နိုင်ကြပါစေ။

No comments:

Post a Comment