Wednesday, February 23, 2011

ရင်ခွင်ဟောင်းရဲ့ ကြွေးကြော်သံ

 နင်ပျော်ရွင်မှုအတွက် မဖြစ်တော့တဲ့ ရင်ခွင်မှာ 
တစ်ပါးသူ ပျော်ရွင်မှုအတွက် ၀င်ခွင့်ပြုလိုက်ပါ ။ 
ရင်ခွင်သစ်ဆီကို နားခိုခွင့်ရသွားတဲ့ မင်းဟာ 
ရင်ခွင်ဟောင်းကို ဘာဖြစ်လို့ အပိုဖြစ်စေတာလဲ။ 
ရင်ခွင်အသစ်ကိုကြင်လျှင် 
ရင်ခွင်းဟောင်ကို လွင့်စင်ရဲစမ်းပါ။ 
ခွစီးတဲ့အရာဟာ 
ဖိနပ်လေ။
အချစ်ကိုခွစီးမယ်ဆိုလျှင်တော့
ဘ၀မှာ ကွက်လပ်ရှိလာမယ်နော်။
နင်မနေချင်တဲ့ ရင်ခွင်ဟာ 
နင်ပူလောင်တယ်ဆိုတဲ့ရင်ခွင်ဟာ
တစ်ပါးသူအေးချမ်းအေးချမ်းနေမှာပါ။ 
နင်ပိုတယ်ဆိုတဲ့ရင်ခွင်ဟာ 
တစ်ပါးသူလိုချင်လိုပါလိမ့်မယ်။ 
နင်မမြင်ချင်တော့တဲ့ လူတစ်ယောက်ဟာ 
တစ်ခြားသူတစ်ယောက်ရဲ့   ရှင်ဘုရင်ဖြစ်ချင်ဖြစ်မှာ။
နင်မကြားချင်တော့အသံဟာ 
တစ်ခြားသူတစ်ယောက်အတွက်သံစဉ်ချိုမျှ ဂီတသံ ဖြစ်ချင်ဖြစ်မှာပါ။ 
နင်မလိုချင်တော့တဲ့ အရာလေးတစ်ခုဟာ
တစ်ခြားသူတစ်ယောက်အတွက် ဂုဏ်ယူစရာ တံဆိပ်တစ်ခုဖြစ်ချင်ဖြစ်သွားမှာပါ။ 
ရင်ခွင်တိုင်းမှာ လူတိုင်းအတွက် မဟုတ်ပေမဲ့
တစ်စုံတစ်ယောက်သူအတွက် ခိုလှုံခွင့်လျှက်ပါ ။
အရာရာတိုင်းဟာ 
လူတိုင်းအတွက် မအပ်စပ်သလို။ 
ရင်ခွင်တိုင်းဟာလည်း လူတိုင်းအတွက် ခိုလှုံရာမဟုတ်ပါဘူး။ 
မအေးချမ်းဘူးလို့  ထင်လျှင် ထာဝစဉ်ထွက်သွားလိုက်ပါ။


Tuesday, February 22, 2011

ရောက်လာမှာပါ မပူပါနဲ့

 နေမင်းကြီးသည် တစ်နေ့တာ တာဝန်တွေကို အားမာန်အပြည့်နဲ့ မနက်တိုင်းဆိုသလို အာရုံဦးရဲ့အလွန်မှာ အရှေ့ဘက်ခြမ်းဆီကနေ ပေါ်ထွက်လျှက် လာပါသည်။ နေမင်း ကြီးဟာ ဘယ်လောက်ပင် စွမ်းအားကြီးနေပါစေ ထွက်ချိန်တန်မှ ထွက်ရရိုးထုံစံကို သူ လည်း မလွန်ဆန်နိုင်ပါချေ။ ၄င်းသည် လောကရဲ့ ဖြစ်ရိုးထုံးစံ မဟုတ်ပါလေလော့။ သူဟာ သူပိုင်ဆိုင်ထားသော ခွန်အားတွေ စွမ်းအားတွေ အသုံးပြုပြီးတော့ ငါထွက်ချင် တဲ့အချိန်ထွက်မည်။ ၀င်ချင်တဲ့အချိန်ဝင်မည်ဟု လုပ်လို့တော့မရပါ။ နေမင်းကြီးရယ်လို့ ခံယူထားတာတောင်မှ လောကရဲ့ဖြစ်ပျက်စဉ်လာ ဓမ္မတာသဘောသဘာဝရဲ့ ခိုင်းစေမှု အောက်မှာ ခေါင်းငုပ်ပြီး လျှောက်ရတာပါပဲ ။ သူသည်လောကအကျိုးစီးပွားအတွက် မပျက်မကွက်တည်တည်ငြိမ်ငြိမ် တာဝန်ကျေကျေနဲ့ လုပ်ဆောင်လျှက်ရှိပါသည်။ သူ့ရဲ့ နေစဉ်လုပ်ငန်းမှာ နေ့စဉ်နာရီနှုန်းထားနှင့်တွက်ချက်ကြည့်မယ်ဆိုလျှင် ၁၂-နာရီတည့် တည့်ပါ။ ထို ၁၂-နာရီအချိန်ဟာ သူရဲ့ကိုယ်ပိုင်လုပ်ငန်းချိန်ဖြစ်လို့ ဘယ်သူ့ဘယ် သူကမှ သူကိုဝင်စွက်ပြီးဖိအားပေးနေလို့လဲ မရပါ။  သူ့သည် တာဝန်နဲ့ ၀တ္တရားကို လေးစားသူတစ်ယောက်ဖြစ်နေတာမို့  ဘယ်သူအတွက်ပါဆိုပြီး ငဲ့ကွက်ခြင်း မရှိပါဘူး ။ အဓိကသူ့တာဝန်ကျေပွန်ဖို့ကိုသာ အခိုင်အမာလုပ်ဆောင်သွားပါသည်။ လောကကြီး အတွက် ဒီလောက်တောင် ကောင်းကျိုးပေးနေတဲ့ နေမင်းကြီးကိုတောင် လူတိုင်းက အကောင်းမြင်ကြရဲ့လေးလား။
တစ်ချို့သောသူတွေဟာ နေမင်းကြီးပူပြင်းတဲ့ဒဏ်ကြောင့် မိမိရဲ့ စိုက်ထားတဲ့အပင်တွေ သေသွားလို့ ခြောက်သွားလို့ အပြင်မသွားနိုင်လို့ နေရတာ မခံနိုင်လို့ဆိုပြီး ငီးတွား ကြတဲ့သူ ပြစ်တင်သွားကြတဲ့သူတွေလည်း ရှိကြပါသည်။ တစ်ချို့ချို့ကြပြန်တော့လည်း မိမိအတွက် ကောင်းကျိုးရသွားလို့ မိမိလိုအပ်နေတာနဲ့ကိုက်လို့ မိမိစိုက်ထားတဲ့ အပင်စသည်ဟာ နေရောင်ကြောင့် ရှင်သန်ဖွံဖြိုးလာလို့  ချီးမွှမ်းတဲ့သူတွေလည်း မနည်းပါ။ တစ်ချို့ကြတော့ မိမိအိပ်နေရတာ မ၀သေးလို့  နေမင်းကြီးရယ် မထွက် သေးပါနဲ့လို့ အကူအညီတွေတောင်း မေတ္တာရပ်ခံမှုတွေ လုပ်နေပါစေဦးတော့ လူနည်း စုရဲ့လိုအပ်ချက်တွေကိုငဲ့ကွက်ပြီး သူလုပ်ဆောင်ခဲ့လေသလား။တစ်ချို့လူတွေကြတော့ လည်း ငါ့လုပ်ငန်းတွေ လုပ်စရာတွေ လက်စမသိမ်းနိုင်သေးဘူး သွားချင်တဲ့ ဦးတည် ရာကို မရောက်သေးဘူး ခဏလေးစောင့်ပြီး မ၀င်ပါသေးနဲ့ဦးရယ်လို့ တောင်းပန်တာ ရယ် အာဏာတွေနဲ့ အမိန့်ပေးတာရယ်လုပ်စေဦးတော့ ထိုသည်ကို ငဲ့ကွက်ပြီး သူလုပ်ဆောင်ခဲ့လေသလား။  အနောက်ခြမ်းကလူတွေ သေနတ် လက်နက် နျူကလီးသုံးပြီး ဘီတိုအာဏာနဲ့ အနောက်ဘက်ကနေစထွက်ပါဆိုပြီး အမိန့်ပေးခြိမ်း  ခြောက်လျှင်ကော သူက ထိန့်လန့်ပြီး ခေါင်းငုပ်ကာ လုပ်ဆောင်လေမှာလား။ အရှေ့ ခြမ်းလူတွေ ငိုယိုပြီး အရှေ့ဘက်ခြမ်းကိုဝင်ပေးပါလို့ တောင်းပန်လျှင်ကော သနားဂရု ဏာသက်ကာ ငဲ့ကွက်ပြီး လုပ်ဆောင်လေမှာလား။ လားလားမဖြစ်နိုင်ပါ ။ သူသည် ငိုယိုသူတွေကို ပိုပြီးသနားလုပ်ဆောင်လေ့မရှိ။ သြဇာအာဏာလက်စွဲကိုင်ပြီး ခြိမ်းခြောက်သူတွေကိုလည်း ကြောက်ရွံ့ပြီး လုပ်ဆောင်မှာလည်း မဟုတ်ပါ။ သူသည် ဆင်းရဲချမ်းသာမှုဆိုတဲ့ကွာဟချက်အပေါ်မှာလဲ အလေးမထားပါဘူး။ ရှေ့ နောက် တောင် မြောက်ဆိုတဲ့ အရပ်မျက်နှာတွေကိုလည်း ဂရုမစိုက်ပါ။ အထီး အမ အကြီးအငယ် အရွယ်အစားစားကိုလည်း သူမှာထူးခြားတဲ့ခံစားချက်မရှိ။ ပကတိ ပင်ကိုယ် တစ်ထေရာတည်းကိုပဲ မျက်နှာမှုပါသည်။ ချီးမွှမ်း ကဲ့ရဲ့သံကိုလည်း အ၀င်မခံဘဲ နားပိတ်ထားပါသည်။ တစ်လောကလုံးကို အလင်းရောင်တစ်ရောင်တည်း အပူတစ်ပူတည်း တစ်ပြေးညီစွာ သူ့ရဲ့စွမ်းအားကို ထုတ်ဆောင်ပေးဆပ်ပါသည်။ ထိုမျှ လောက်ပင် လောကအကျိုးစီးပွား အလွန်ပင်များစေသော နေမင်းကြီးကို မ၀င်သွား ပါနဲ့လို့ တစ်လောကလုံးက တားထားလျှင်ကော  သူရပ်တည်နေပေးပါဦးမှာလား။ ဒါပေမဲ့ဗျာ တစ်လောကလုံးရဲ့ အကျိုးစီးပွားထက် လောကရဲ့နိယာမ သဘောသဘာဝ လမ်းစဉ်အတိုင်း တစ်သွေမတိမ်း လိုက်နာရမည်ဖြစ်တဲ့အတွက်ကြောင့် သနားဂရုဏာ ကို ခ၀ါချကာ အနောက်ဘက်ခြမ်း တောင်နုတ်ခမ်းကို ငုပ်နမ်းနုတ်ဆက်ရင်း လမင်းရဲ့ အလာကို လက်ပြနုတ်ဆက်ကာ တစ်နေ့တာ လုပ်ဆောင်ရမဲ့တာဝန်တွေကို လမင်းကြီး ဆီသို့ ပုခုံးလွှဲကာ အနာယူဖယ်ခွာ ပေးလိုက်ရပါပဲလေ။ နေမင်းကြီးရဲ့ တာဝန်တွေကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ဖို့ လမင်းကြီးဟာလည်း အရှေ့ဘက်ခြမ်းကနေ သန္ဓေယူစထွက်လာပါပြန်သည်။         နေမင်းကြီးနဲ့တူစွာ သူလည်း တာဝန်တွေကို လုပ် ဆောင်တတ်သူပါ။ ဒါပေမဲ့ နေမင်းကြီးရဲ့ အလားသဏ္ဍန်မျိုးတော့ မဟုတ်ပါဘူး ။ သူအခန်းကဏ္ဍနဲ့သူပါ ။ လောကကြီးကို အပူလည်း မပေး အရမ်းအေးတာလည်းမပေး။ အေးမျှတဲ့ရောင်ခြည်လေးလောက်ပဲ သူပေးခဲ့ပါတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် လူသားတွေအတွက် အကျိုးစီးပွားသိပ်များဘူးလို့ ထင်ရပေမဲ့ မသိမသာထိရောက် လွန်းလှပါတယ်။ သူကြတော့ လူနဲ့ သဘာဝတွေကို သွေးအေးအေးနဲ့ သူရဲ့စွမ်း အားတွေ ချော့ပြီးပေးတတ်တဲ့ စမ်းရေအသွင်အပြင်လိုပါပဲ။ လမင်းကြီးကိုတော့ လူတွေဟာ အပြစ်လည်းမတင် ချီးမွှမ်းလည်းမခံရပါ။ ဘာကြောင့်လည်းဆိုတော့  သူပေးခဲ့တာကိုလည်းမသိသာစေသလို ပြန်ရတာလည်း မသိသာစေလို့ပဲ။ အော် နေမင်းကြီးနဲ့ လမင်းကြီးဟာ တစ်ယောက်ဝင်တစ်ယောက်ထွက် သူအလှည့်ကျ  ကိုယ့်အလှည့်ကျ အလိုက်သိစွာ ဖယ်ပေးတတ်ကြတဲ့ သဘာဝကိုက အရမ်းကို စံနမူနာယူထိုက်ပါပေတယ်။ အချိန်တန်လျှင် ကိုယ့်ဟာကိုယ် အိမ်ပြန်ကျစတမ်းဆိုတဲ့ ကတိက၀တ်စည်းမျဉ်းစည်းကမ်းကို လေးစားလိုက်နာကြတာ လူသားတွေအတွက် စံပြ ကောင်းပင်မဟုတ်လေလော။ လူသားတွေဟာလည်း သဘာဝဖြစ်စဉ်ရဲ့ ကျေးကျွန် တစ်ယောက်ပါပဲဆိုတဲ့       အသိတရားလေးတစ်ချက် မပျက်မကွက် ဆုပ်ကိုင်ထား မယ်ဆိုလျှင် အဘယ်မှာ သင်သည် ဆင်းရဲးချမ်းသာမှုရဲ့ နှိပ်စက်တဲ့ဒဏ်ကို မတွန်းလှန်နိုင်ဘဲ ရှိလေမည်နည်း။ ဒါကြောင့်မို့လို့ လူတိုင်းဟာ အချိန်တန်လျှင် အိမ်ပြန်ရမယ်ဆိုတဲ့ တာဝန်သိစိတ်နဲ့ လောကအကျိုးစီးပွားအတွက် မိမိကိုယ်ကိုယ် အတ္တကင်းကင်းနဲ့ လုပ်ဆောင်ကြပါလို့ နိုးဆော်ရင်း -----------------                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              

လေလွင့်သူတစ်ယောက်၏ပေးစာ

     မိုးကြိုးချိန်းသံတွေ တဒုံးဒုံး ဒိုင်းဒိုင်း လျပ်စီးတွေ ကလည်းဝိုင်းကာပတ်ပြီး ဆော်အောနေတဲ့အချိန်မှာ လေလွင့်သူတစ်ယောက်ဟာ စိတ်ထဲမှာ အလိုလိုတုန်လှုပ်လာစမြဲလေလားမသိ။ ခြေမကိုင်မိ လက်မကိုင်မိ တွေးမိတွေးရာ အတွေးကမ္ဘာရှာရှာလည်နေတော့သည်က အမှန်ပင်။ ထိုအချိန်မှာ လေလွင့်သူတစ်ယောက် ဟာ ပြစ်ဒဏ်ကျခံရလေသလား အောင့်မေ့နေမိပါတယ်။ တွေ့လေရာအရုံမှာ စိတ်ထင်ရာမျောပါသွားစေခဲ့တဲ့ ကိုယ့်ရဲ့  လေလွင့်ချက်တွေဟာ မိုးကြိုးပစ်သံ မိုးချိန်းသံ လျပ်စီးလျှက်တာကိုမြင်ကြားရလေမှ ငါ့ရဲ့ စိတ်တွေ လွင့်ပါးနေပါတကားဆိုတာ ကိုယ်တိုင်သေချာ ဝေခွဲနိုင်ခဲ့ပါတယ်။ မြင်သမျှအလှအရုံတွေအပေါ်မှာ ထိန်းကွပ်မှု
ကင်းမဲ့စွာနဲ့ စိတ်တွေကို ရွက်လွင့်ခဲ့တာလည်း ခေါင်းပေါ်ဆံပင် ကိုယ်ပေါ်အမွှေးအမျှင်ထက်ပင် အဆပေါင်း မြောက်များစွာ သာသည်က ပြောဖွယ်ရာမရှိပါ။  ကြားရာချိုသာလှတဲ့အရုံတွေမှာလည်း ထိုနည်းတူစွာပင် မ ဟုတ်ပါလော့။ ဟိုဟိုဒီဒီ ထောင်သောင်းသိန်းသန်းကုဋေမကတဲ့ အရုံတွေနောက် တစ်ကောက်ကောက် ပါအောင် လိုက်မှားမိလေခြင်းရယ်လို့  ကိုယ့်ကိုကိုယ် နောင်တတရားတွေနဲ့ အပြစ်ဖွဲ့ကာ ယုံကြည်ရာမဲ့နေသူ တစ်ယောက်ဟု မထင်ခဲ့ပါ။ ဒါပေမဲ့ လေလွင့်ခြင်းရဲ့    ဦးတည်ရာဘာလဲဆိုတာကိုတော့ မိုးကြိုးပစ်သံ မိုးချိန်းသံတွေက နှံကြားကို အပ်ဖြားလေးနဲ့ထိုးကာ ဦးတည်ရာကိုပြပြီး သတိပေးသွားခဲ့တာ
က ထင်ရှားလွန်းလှပါပေတယ်။ လမ်းစမမြင် တစ်သွင်သွင်စီးမျောနေတဲ့ စမ်းချောင်းလေးကြားက ရွက်ခြောက်လေးများလို တွေ့လေရာဗဟိုမှာ ၀င်ကာနားလိုက် မျောပါသွားလိုက်နဲ့ ပေါ့ ။ ဒီလိုနဲ့ တစ်ကောက်ကောက်ပါအောင် တွေးဆောင်ခဲ့တဲ့အရုံတွေကို လိုပြီးပိုမြဲဆိုတဲ့ မိုးကြိုးပစ်သံ မိုးချိန်းသံသတိပေးချက်လေကြောင့် အမိလေလား အဘလေလား ချစ်သူလေလား သူငယ်ချင်းလေလား အပေါင်းအသင်းမိတ်ဆွေလေလား သူများလေလား ကိုယ်ဟာကိုယ်လေလားဆိုတာ အားကိုးရာ အစစ်အမှန်လေး ရသွားရှာခဲ့လေပြီ။ လေလွင့်ခြင်းရဲ့   ၀င်္ကဘာမှာ နောက်ဆုံးတော့ ထွက်ရာပေါက်ဟာ လိုပြီးပိုမယ် သတိထားကြကွယ်ဆိုတဲ့ မိုးချိန်းသံနဲ့ မိုးကြိုးပစ်သံသတိပေးချက်ပါပဲ။




လေလွင့်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ

မိုးကြိုးပစ်သံကော ဘာကိုဆိုလိုတာလဲ

လိုပြီးပို ဆိုတာ ဘာကိုပြောတာလဲ

ထွက်ရာပေါက်တစ်ခုဆိုတာ ဘာလဲ စသည် သဘောပေါက်စဉ်းစားပြီးမှ ဖတ်လျှင် လေလွင့်သူတစ်ယောက်၏ပေးစာဟာ ဘ၀အတွက်အများခိုင်မာမှုရမယ်လို့    ယူဆပါတယ်။

Sunday, February 13, 2011

အချစ်တမ်းခြင်း

တကယ်လွမ်းမိတယ်
ဆောင်းရယ်
တို့နှစ်ယောက်ရဲ့အချစ်တွေက
ကျိန်စာသင့်ထားတဲ့
နှလုံးသားတစ်စုံကို
ကောက်ရထားသလိုဘဲနော်
မဖြစ်နိုင်ဘူးဆိုတာ
သိနေရက်နဲ့
မချစ်ဘဲ မနေနိုင်ခဲ့ကြဘူးနော်
ကိုယ်လည်း သစ္စာတရားကို
တန်ဖိုးထားချင်ပါတယ်
ရင်ထဲကအချစ်ကိုတော့
မလွန်ဆန်နိုင်ခဲံ့ဘူး
ချစ်မိလို့ အပြစ်ရှိခဲ့ရင်
ကိုယ့်ကို ခွင့်မလွတ်ပါနဲ့
အချစ်ရဲ့အမုန်းကို
ကျေနပ်စွာ ခံယူပါရစေ
ဆောင်းရယ်။
                                                                
ကိုဇော်မင်း(ထာဝရရင်ခွင်)

Thursday, February 10, 2011

နှလုံးသားပေါက်ရှာ

၁။    အစစ အရာရာ ယုံကြည်ခဲ့လေတုန်းက ချစ်သူဟာ သူ့ အပေါ်မှာ တစ်ကယ်မချစ်ဘူးလို့ခံယူကာ သ၀န်တိုတတ်တဲ့အရာကို ဖန်တီိးပြီး နှလုံးသားရဲ့အစကိုဆွဲထုတ်ခဲ့လေပြန်သည်။

၂။  သ၀န်တိုမှုတွေ  စိတ်ထဲမှာ မရှိလေအောင် ကြိုးစားထိန်းကွပ်ပြီး အဖြူစင်ဆုံးချစ်ခြင်းနဲ့ တည်ငြိမ်နေတဲ့ နှလုံးသားဟာ သ၀န်တိုတတ်တဲ့အချစ်နဲ့  ချစ်ခြင်းကိုလည်း ပြခဲ့ရပြန်ပါသည်။

၃။ ဂရုစိုက်တတ်တဲ့ ချစ်စိတ်တွေကို မွန်းကြပ်မှု တင်းကျပ်မှုဖြစ်နေပါလိမ့်မယ်ဆိုပြီး အလိုက်သိတတ်တဲ့ ချစ်ခြင်းဟာလည်း တစ်ကယ်မချစ်ပါဘူးဆိုပြီး ပြစ်တင်ကာ အမြဲတမ်းဂရုစိုက်မှုကို ထပ်ကာ ချစ်ခြင်းတရားကို ပြရခဲ့ပြန်ပါသည်။

၎။ ရင်ထဲမှာအပြည့်ရှိ နှလုံးသားမှာအမြဲငြိ ဦးနှောက်ထဲမှာ အမြဲတမ်းသိတတ်တန်ဖိုးထားတတ်တဲ့ ချစ်ခြင်းကိုလည်း ဖောင်းပွနေတဲ့ အချစ်တွေနဲ့နှိုင်းပြီး တစ်ကယ်မချစ်ဘူးဆိုပြီးလုပ်ကာ  လူတကာနဲ့တူတဲ့ ချစ်ခြင်းမျိုးကိုလည်း သက်သေထူလိုက်ရပြန်ပါသည်။

၅။  သံသယကင်းစွာနဲ့ ချစ်ပြန်တော့လည်း တစ်ကယ်မချစ်ပါဘူးဆိုပြီး သံသယနဲ့ မိတ်ဖွဲ့ကာ ချစ်ပြခဲ့ရပြန်ပါသည်။

၆။ အေးအေးလူလူနဲ့  ကိုယ်စည်းကိုယ်ထမ်းတဲ့ ချစ်ဇာတ်လမ်းနဲ့ လျှောက်လှမ်းနေရတဲ့ ချစ်ခြင်းကိုလည်း ယုံကြည်မှုအားနည်းတယ်ဆိုပြီး အပြစ်ဆိုကာ နောက်တစ်ခါ ချစ်အားမာန်ကို ထပ်ထည့်ရပြန်ခဲ့ပါသည်။

၇။ ယုံကြည်မှုအပြည့်ထားပြန်တော့လည်း တစ်ကယ်ငတုံးရဲ့ ချစ်ခြင်းဆိုပြီး ရှုပ်ချကာ ထပ်ကာအထင်သေးပြီး လူရည်မွန်တဲ့ ချစ်ချွန်မှုမျိုးကို ထပ်ကာမွေးဖွားရပြန်ပါသည်။

၈။ အကောင်းပြောပြန်တော့လည်း အခွင့်အရေးအချစ်သမားဆိုပြီး အမြင်စောင်းပြန်ပါသည်။

၉။ အပြစ်ညွှန်ပြပြောပြန်တော့လည်း အထင်သေးတယ်ဆိုကာ စိတ်နာလိုက်ပြန်ပါသေးသည်။

၁၀။ ရှင်းရှင်းလေး နေပြန်သော်လည်း စိတ်ဝင်စားမှုမရှိပါဘူးဆိုပြီး ငြီးတွားပြန်ပါသည်။

အော် ဘ၀ ဘ၀ ဘ၀ ------ အမျိုးမျိုးပုံပြ သာဓကတွေနဲ့ ချစ်ဖူးလျှက်ပါ။ ဒါပေမဲ့ ယဇ်မူးကာ အလှည့်အဖျားမာယာတွေအောက် ငါလျှောက်လှမ်းပြခဲ့ပါသော်လည်း နောက်ဆုံးတွင် ငါ့အပေါ်အမုန်းတ
ရားဆိုတဲ့ စမ်းချောင်လေးအသွင် ငါ့ဆီသို့ စီဝင်ခဲ့တာပါပဲလေ။

Monday, February 7, 2011

မလွန်ဆန်နိုင်ပါ

 နေမင်းကြီးသည် တစ်နေ့တာ တာဝန်တွေကို အားမာန်အပြည့်နဲ့ မနက်တိုင်းဆိုသလို အာရုံဦးရဲ့အလွန်မှာ အရှေ့ဘက်ခြမ်းဆီကနေ ပေါ်ထွက်လျှက် လာပါသည်။ နေမင်း ကြီးဟာ ဘယ်လောက်ပင် စွမ်းအားကြီးနေပါစေ ထွက်ချိန်တန်မှ ထွက်ရရိုးထုံစံကို သူ လည်း မလွန်ဆန်နိုင်ပါချေ။ ၄င်းသည် လောကရဲ့ ဖြစ်ရိုးထုံးစံ မဟုတ်ပါလေလော့။ သူဟာ သူပိုင်ဆိုင်ထားသော ခွန်အားတွေ စွမ်းအားတွေ အသုံးပြုပြီးတော့ ငါထွက်ချင် တဲ့အချိန်ထွက်မည်။ ၀င်ချင်တဲ့အချိန်ဝင်မည်ဟု လုပ်လို့တော့မရပါ။ နေမင်းကြီးရယ်လို့ ခံယူထားတာတောင်မှ လောကရဲ့ဖြစ်ပျက်စဉ်လာ ဓမ္မတာသဘောသဘာဝရဲ့ ခိုင်းစေမှု အောက်မှာ ခေါင်းငုပ်ပြီး လျှောက်ရတာပါပဲ ။ သူသည်လောကအကျိုးစီးပွားအတွက် မပျက်မကွက်တည်တည်ငြိမ်ငြိမ် တာဝန်ကျေကျေနဲ့ လုပ်ဆောင်လျှက်ရှိပါသည်။ သူ့ရဲ့ နေစဉ်လုပ်ငန်းမှာ နေ့စဉ်နာရီနှုန်းထားနှင့်တွက်ချက်ကြည့်မယ်ဆိုလျှင် ၁၂-နာရီတည့် တည့်ပါ။ ထို ၁၂-နာရီအချိန်ဟာ သူရဲ့ကိုယ်ပိုင်လုပ်ငန်းချိန်ဖြစ်လို့ ဘယ်သူ့ဘယ် သူကမှ သူကိုဝင်စွက်ပြီးဖိအားပေးနေလို့လဲ မရပါ။  သူ့သည် တာဝန်နဲ့ ၀တ္တရားကို လေးစားသူတစ်ယောက်ဖြစ်နေတာမို့  ဘယ်သူအတွက်ပါဆိုပြီး ငဲ့ကွက်ခြင်း မရှိပါဘူး ။ အဓိကသူ့တာဝန်ကျေပွန်ဖို့ကိုသာ အခိုင်အမာလုပ်ဆောင်သွားပါသည်။ လောကကြီး အတွက် ဒီလောက်တောင် ကောင်းကျိုးပေးနေတဲ့ နေမင်းကြီးကိုတောင် လူတိုင်းက အကောင်းမြင်ကြရဲ့လေးလား။
တစ်ချို့သောသူတွေဟာ နေမင်းကြီးပူပြင်းတဲ့ဒဏ်ကြောင့် မိမိရဲ့ စိုက်ထားတဲ့အပင်တွေ သေသွားလို့ ခြောက်သွားလို့ အပြင်မသွားနိုင်လို့ နေရတာ မခံနိုင်လို့ဆိုပြီး ငီးတွား ကြတဲ့သူ ပြစ်တင်သွားကြတဲ့သူတွေလည်း ရှိကြပါသည်။ တစ်ချို့ချို့ကြပြန်တော့လည်း မိမိအတွက် ကောင်းကျိုးရသွားလို့ မိမိလိုအပ်နေတာနဲ့ကိုက်လို့ မိမိစိုက်ထားတဲ့ အပင်စသည်ဟာ နေရောင်ကြောင့် ရှင်သန်ဖွံဖြိုးလာလို့  ချီးမွှမ်းတဲ့သူတွေလည်း မနည်းပါ။ တစ်ချို့ကြတော့ မိမိအိပ်နေရတာ မ၀သေးလို့  နေမင်းကြီးရယ် မထွက် သေးပါနဲ့လို့ အကူအညီတွေတောင်း မေတ္တာရပ်ခံမှုတွေ လုပ်နေပါစေဦးတော့ လူနည်း စုရဲ့လိုအပ်ချက်တွေကိုငဲ့ကွက်ပြီး သူလုပ်ဆောင်ခဲ့လေသလား။တစ်ချို့လူတွေကြတော့ လည်း ငါ့လုပ်ငန်းတွေ လုပ်စရာတွေ လက်စမသိမ်းနိုင်သေးဘူး သွားချင်တဲ့ ဦးတည် ရာကို မရောက်သေးဘူး ခဏလေးစောင့်ပြီး မ၀င်ပါသေးနဲ့ဦးရယ်လို့ တောင်းပန်တာ ရယ် အာဏာတွေနဲ့ အမိန့်ပေးတာရယ်လုပ်စေဦးတော့ ထိုသည်ကို ငဲ့ကွက်ပြီး သူလုပ်ဆောင်ခဲ့လေသလား။  အနောက်ခြမ်းကလူတွေ သေနတ် လက်နက် နျူကလီးသုံးပြီး ဘီတိုအာဏာနဲ့ အနောက်ဘက်ကနေစထွက်ပါဆိုပြီး အမိန့်ပေးခြိမ်း  ခြောက်လျှင်ကော သူက ထိန့်လန့်ပြီး ခေါင်းငုပ်ကာ လုပ်ဆောင်လေမှာလား။ အရှေ့ ခြမ်းလူတွေ ငိုယိုပြီး အရှေ့ဘက်ခြမ်းကိုဝင်ပေးပါလို့ တောင်းပန်လျှင်ကော သနားဂရု ဏာသက်ကာ ငဲ့ကွက်ပြီး လုပ်ဆောင်လေမှာလား။ လားလားမဖြစ်နိုင်ပါ ။ သူသည် ငိုယိုသူတွေကို ပိုပြီးသနားလုပ်ဆောင်လေ့မရှိ။ သြဇာအာဏာလက်စွဲကိုင်ပြီး ခြိမ်းခြောက်သူတွေကိုလည်း ကြောက်ရွံ့ပြီး လုပ်ဆောင်မှာလည်း မဟုတ်ပါ။ သူသည် ဆင်းရဲချမ်းသာမှုဆိုတဲ့ကွာဟချက်အပေါ်မှာလဲ အလေးမထားပါဘူး။ ရှေ့ နောက် တောင် မြောက်ဆိုတဲ့ အရပ်မျက်နှာတွေကိုလည်း ဂရုမစိုက်ပါ။ အထီး အမ အကြီးအငယ် အရွယ်အစားစားကိုလည်း သူမှာထူးခြားတဲ့ခံစားချက်မရှိ။ ပကတိ ပင်ကိုယ် တစ်ထေရာတည်းကိုပဲ မျက်နှာမှုပါသည်။ ချီးမွှမ်း ကဲ့ရဲ့သံကိုလည်း အ၀င်မခံဘဲ နားပိတ်ထားပါသည်။ တစ်လောကလုံးကို အလင်းရောင်တစ်ရောင်တည်း အပူတစ်ပူတည်း တစ်ပြေးညီစွာ သူ့ရဲ့စွမ်းအားကို ထုတ်ဆောင်ပေးဆပ်ပါသည်။ ထိုမျှ လောက်ပင် လောကအကျိုးစီးပွား အလွန်ပင်များစေသော နေမင်းကြီးကို မ၀င်သွား ပါနဲ့လို့ တစ်လောကလုံးက တားထားလျှင်ကော  သူရပ်တည်နေပေးပါဦးမှာလား။ ဒါပေမဲ့ဗျာ တစ်လောကလုံးရဲ့ အကျိုးစီးပွားထက် လောကရဲ့နိယာမ သဘောသဘာဝ လမ်းစဉ်အတိုင်း တစ်သွေမတိမ်း လိုက်နာရမည်ဖြစ်တဲ့အတွက်ကြောင့် သနားဂရုဏာ ကို ခ၀ါချကာ အနောက်ဘက်ခြမ်း တောင်နုတ်ခမ်းကို ငုပ်နမ်းနုတ်ဆက်ရင်း လမင်းရဲ့ အလာကို လက်ပြနုတ်ဆက်ကာ တစ်နေ့တာ လုပ်ဆောင်ရမဲ့တာဝန်တွေကို လမင်းကြီး ဆီသို့ ပုခုံးလွှဲကာ အနာယူဖယ်ခွာ ပေးလိုက်ရပါပဲလေ။ နေမင်းကြီးရဲ့ တာဝန်တွေကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ဖို့ လမင်းကြီးဟာလည်း အရှေ့ဘက်ခြမ်းကနေ သန္ဓေယူစထွက်လာပါပြန်သည်။         နေမင်းကြီးနဲ့တူစွာ သူလည်း တာဝန်တွေကို လုပ် ဆောင်တတ်သူပါ။ ဒါပေမဲ့ နေမင်းကြီးရဲ့ အလားသဏ္ဍန်မျိုးတော့ မဟုတ်ပါဘူး ။ သူအခန်းကဏ္ဍနဲ့သူပါ ။ လောကကြီးကို အပူလည်း မပေး အရမ်းအေးတာလည်းမပေး။ အေးမျှတဲ့ရောင်ခြည်လေးလောက်ပဲ သူပေးခဲ့ပါတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် လူသားတွေအတွက် အကျိုးစီးပွားသိပ်များဘူးလို့ ထင်ရပေမဲ့ မသိမသာထိရောက် လွန်းလှပါတယ်။ သူကြတော့ လူနဲ့ သဘာဝတွေကို သွေးအေးအေးနဲ့ သူရဲ့စွမ်း အားတွေ ချော့ပြီးပေးတတ်တဲ့ စမ်းရေအသွင်အပြင်လိုပါပဲ။ လမင်းကြီးကိုတော့ လူတွေဟာ အပြစ်လည်းမတင် ချီးမွှမ်းလည်းမခံရပါ။ ဘာကြောင့်လည်းဆိုတော့  သူပေးခဲ့တာကိုလည်းမသိသာစေသလို ပြန်ရတာလည်း မသိသာစေလို့ပဲ။ အော် နေမင်းကြီးနဲ့ လမင်းကြီးဟာ တစ်ယောက်ဝင်တစ်ယောက်ထွက် သူအလှည့်ကျ  ကိုယ့်အလှည့်ကျ အလိုက်သိစွာ ဖယ်ပေးတတ်ကြတဲ့ သဘာဝကိုက အရမ်းကို စံနမူနာယူထိုက်ပါပေတယ်။ အချိန်တန်လျှင် ကိုယ့်ဟာကိုယ် အိမ်ပြန်ကျစတမ်းဆိုတဲ့ ကတိက၀တ်စည်းမျဉ်းစည်းကမ်းကို လေးစားလိုက်နာကြတာ လူသားတွေအတွက် စံပြ ကောင်းပင်မဟုတ်လေလော။ လူသားတွေဟာလည်း သဘာဝဖြစ်စဉ်ရဲ့ ကျေးကျွန် တစ်ယောက်ပါပဲဆိုတဲ့       အသိတရားလေးတစ်ချက် မပျက်မကွက် ဆုပ်ကိုင်ထား မယ်ဆိုလျှင် အဘယ်မှာ သင်သည် ဆင်းရဲးချမ်းသာမှုရဲ့ နှိပ်စက်တဲ့ဒဏ်ကို မတွန်းလှန်နိုင်ဘဲ ရှိလေမည်နည်း။ ဒါကြောင့်မို့လို့ လူတိုင်းဟာ အချိန်တန်လျှင် အိမ်ပြန်ရမယ်ဆိုတဲ့ တာဝန်သိစိတ်နဲ့ လောကအကျိုးစီးပွားအတွက် မိမိကိုယ်ကို အတ္တကင်းကင်းနဲ့ လုပ်ဆောင်ကြပါလို့ နိုးဆော်ရင်း -----------------                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         

Sunday, February 6, 2011

ကွန်မဖတ်ဖို့ (၂၄ )

(၁) ရေကြည်တစ်ခွက်ထဲ ရေနောက်တစ်စက်ကျတာနဲ့ ရေတစ်ခွက်လုံး ညစ်ပတ်သွားတယ်။ ရေနောက်တစ်ခွက်ထဲ ရေကြည်တစ်စက်ရှိရုံနဲ့ ရေတစ်ခွက်လုံး မကြည်နိုင်ဘူး။

(၂) လောကမှာ ကိုယ့်ဆီကနေ သူတစ်ပါးခိုးယူလို့ မရတဲ့ပစ္စည်း သုံးမျိုးရှိတယ်။
(i) စားပြီးသား အစာအိမ်ထဲကအစားအစာ
(ii) ရင်ထဲထည့်ဝှက်ထားတဲ့ စိတ်ကူးအိပ်မက်
(iii) ဦးနှောက်ထဲထည့်လိုက်တဲ့ စာပေ၊ အသိပညာ

(၃) မြင်းတွေဟာ ပျော့ပျောင်းတဲ့မြေပေါ်မှာ အလွယ်တကူ ခြေခေါက်နိုင်တယ်။ လူတွေဟာ ချိုမြိန်တဲ့မုသားစကားကြားမှာ အလွယ်တကူ လဲကျနိုင်တယ်။

(၄) တကယ်လို့ စာမဖတ်ဘူး၊ ဗဟုသုတ မတိုးပွားဘူးဆိုရင် လမ်းခရီးမိုင်ပေါင်း ဘယ်လောက်လျှောက်ခဲ့လည်း သင်ဟာ စာပို့လုလင်တစ်ဦးမျှသာ။

(၅) ထိပ်နှစ်ဘက်ချွန်တဲ့ အပ်ဆိုတာ မရှိသလို စိတ်တူ၊ ကိုယ်တူတဲ့လူ နှစ်ယောက်မရှိနိုင်ဘူး။

(၆) ကံကောင်းခြင်းဆိုတာ အခွင့်အရေးနဲ့သင့်ကြိုးစားမှုတွေ ထိပ်တိုက်ဆုံတဲ့အချိန်ဖြစ်တယ်။

(၇) တကယ်လို့ စောင့်ပဲစောင့်နေခဲ့ရင် ဖြစ်လာမှာက အသက်ကြီးပြီး အိုမင်းသွားတာပါပဲ။

(၈) သေးငယ်တဲ့ ပြုလုပ်ဆောင်ရွက်ချက်က ကြီးမားတဲ့အပြောသက်သက်ကို အောင်နိုင်တယ်။

(၉) ရှေ့လူရဲ့ခြေရာကို လိုက်မရှာနဲ့။ သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်ကိုပဲ ရှာပါ။

(၁ဝ) နှလုံးသားထဲ ကိုယ့်ကိုယ်ကို ထည့်မထားနိုင်တာဟာ အသိဉာဏ်နည်းလို့ဖြစ်တယ်။ နှလုံးသားထဲ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်။

(၁၁) ရယ်မောခြင်းဟာ လူလူချင်းရဲ့အကွာအဝေးကို နီးသထက်နီးစေတယ်။

(၁၂) မကြာခဏခေါင်းလှည့်ပြန်သူဟာ ဘယ်တော့မှ ခရီးဝေးမရောက်နိုင်ဘူး။

(၁၃) ငယ်ငယ်တုန်းက ပျော်ရွှင်ဖို့ လွယ်ကူခဲ့တယ်။ ကြီးလာတော့ လွယ်ကူ(ရိုးရှင်း)မှ ပျော်ရွှင်တော့တယ်။

(၁၄) လူတချို့က သူတို့ဘဝ မလှပလိုက်တာလို့ မကြာခဏ ငြီးဆိုကြတယ်။ တကယ်တော့ သူတို့မှာ အလှအပကိုမြင်နိုင်တဲ့ မျက်လုံးတစ်စုံ မဲ့နေလို့ဖြစ်တယ်။

(၁၅) ငွေဆိုတာ ရေလိုပါပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။


"ကျွန်မဖတ်ဖို့" အင်တာနက်ပေါ် ရှာဖွေဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ
http://www.99sanay.com/