နေမင်းကြီးသည် တစ်နေ့တာ တာဝန်တွေကို အားမာန်အပြည့်နဲ့ မနက်တိုင်းဆိုသလို အာရုံဦးရဲ့အလွန်မှာ အရှေ့ဘက်ခြမ်းဆီကနေ ပေါ်ထွက်လျှက် လာပါသည်။ နေမင်း ကြီးဟာ ဘယ်လောက်ပင် စွမ်းအားကြီးနေပါစေ ထွက်ချိန်တန်မှ ထွက်ရရိုးထုံစံကို သူ လည်း မလွန်ဆန်နိုင်ပါချေ။ ၄င်းသည် လောကရဲ့ ဖြစ်ရိုးထုံးစံ မဟုတ်ပါလေလော့။ သူဟာ သူပိုင်ဆိုင်ထားသော ခွန်အားတွေ စွမ်းအားတွေ အသုံးပြုပြီးတော့ ငါထွက်ချင် တဲ့အချိန်ထွက်မည်။ ၀င်ချင်တဲ့အချိန်ဝင်မည်ဟု လုပ်လို့တော့မရပါ။ နေမင်းကြီးရယ်လို့ ခံယူထားတာတောင်မှ လောကရဲ့ဖြစ်ပျက်စဉ်လာ ဓမ္မတာသဘောသဘာဝရဲ့ ခိုင်းစေမှု အောက်မှာ ခေါင်းငုပ်ပြီး လျှောက်ရတာပါပဲ ။ သူသည်လောကအကျိုးစီးပွားအတွက် မပျက်မကွက်တည်တည်ငြိမ်ငြိမ် တာဝန်ကျေကျေနဲ့ လုပ်ဆောင်လျှက်ရှိပါသည်။ သူ့ရဲ့ နေစဉ်လုပ်ငန်းမှာ နေ့စဉ်နာရီနှုန်းထားနှင့်တွက်ချက်ကြည့်မယ်ဆိုလျှင် ၁၂-နာရီတည့် တည့်ပါ။ ထို ၁၂-နာရီအချိန်ဟာ သူရဲ့ကိုယ်ပိုင်လုပ်ငန်းချိန်ဖြစ်လို့ ဘယ်သူ့ဘယ် သူကမှ သူကိုဝင်စွက်ပြီးဖိအားပေးနေလို့လဲ မရပါ။ သူ့သည် တာဝန်နဲ့ ၀တ္တရားကို လေးစားသူတစ်ယောက်ဖြစ်နေတာမို့ ဘယ်သူအတွက်ပါဆိုပြီး ငဲ့ကွက်ခြင်း မရှိပါဘူး ။ အဓိကသူ့တာဝန်ကျေပွန်ဖို့ကိုသာ အခိုင်အမာလုပ်ဆောင်သွားပါသည်။ လောကကြီး အတွက် ဒီလောက်တောင် ကောင်းကျိုးပေးနေတဲ့ နေမင်းကြီးကိုတောင် လူတိုင်းက အကောင်းမြင်ကြရဲ့လေးလား။
တစ်ချို့သောသူတွေဟာ နေမင်းကြီးပူပြင်းတဲ့ဒဏ်ကြောင့် မိမိရဲ့ စိုက်ထားတဲ့အပင်တွေ သေသွားလို့ ခြောက်သွားလို့ အပြင်မသွားနိုင်လို့ နေရတာ မခံနိုင်လို့ဆိုပြီး ငီးတွား ကြတဲ့သူ ပြစ်တင်သွားကြတဲ့သူတွေလည်း ရှိကြပါသည်။ တစ်ချို့ချို့ကြပြန်တော့လည်း မိမိအတွက် ကောင်းကျိုးရသွားလို့ မိမိလိုအပ်နေတာနဲ့ကိုက်လို့ မိမိစိုက်ထားတဲ့ အပင်စသည်ဟာ နေရောင်ကြောင့် ရှင်သန်ဖွံဖြိုးလာလို့ ချီးမွှမ်းတဲ့သူတွေလည်း မနည်းပါ။ တစ်ချို့ကြတော့ မိမိအိပ်နေရတာ မ၀သေးလို့ နေမင်းကြီးရယ် မထွက် သေးပါနဲ့လို့ အကူအညီတွေတောင်း မေတ္တာရပ်ခံမှုတွေ လုပ်နေပါစေဦးတော့ လူနည်း စုရဲ့လိုအပ်ချက်တွေကိုငဲ့ကွက်ပြီး သူလုပ်ဆောင်ခဲ့လေသလား။တစ်ချို့လူတွေကြတော့ လည်း ငါ့လုပ်ငန်းတွေ လုပ်စရာတွေ လက်စမသိမ်းနိုင်သေးဘူး သွားချင်တဲ့ ဦးတည် ရာကို မရောက်သေးဘူး ခဏလေးစောင့်ပြီး မ၀င်ပါသေးနဲ့ဦးရယ်လို့ တောင်းပန်တာ ရယ် အာဏာတွေနဲ့ အမိန့်ပေးတာရယ်လုပ်စေဦးတော့ ထိုသည်ကို ငဲ့ကွက်ပြီး သူလုပ်ဆောင်ခဲ့လေသလား။ အနောက်ခြမ်းကလူတွေ သေနတ် လက်နက် နျူကလီးသုံးပြီး ဘီတိုအာဏာနဲ့ အနောက်ဘက်ကနေစထွက်ပါဆိုပြီး အမိန့်ပေးခြိမ်း ခြောက်လျှင်ကော သူက ထိန့်လန့်ပြီး ခေါင်းငုပ်ကာ လုပ်ဆောင်လေမှာလား။ အရှေ့ ခြမ်းလူတွေ ငိုယိုပြီး အရှေ့ဘက်ခြမ်းကိုဝင်ပေးပါလို့ တောင်းပန်လျှင်ကော သနားဂရု ဏာသက်ကာ ငဲ့ကွက်ပြီး လုပ်ဆောင်လေမှာလား။ လားလားမဖြစ်နိုင်ပါ ။ သူသည် ငိုယိုသူတွေကို ပိုပြီးသနားလုပ်ဆောင်လေ့မရှိ။ သြဇာအာဏာလက်စွဲကိုင်ပြီး ခြိမ်းခြောက်သူတွေကိုလည်း ကြောက်ရွံ့ပြီး လုပ်ဆောင်မှာလည်း မဟုတ်ပါ။ သူသည် ဆင်းရဲချမ်းသာမှုဆိုတဲ့ကွာဟချက်အပေါ်မှာလဲ အလေးမထားပါဘူး။ ရှေ့ နောက် တောင် မြောက်ဆိုတဲ့ အရပ်မျက်နှာတွေကိုလည်း ဂရုမစိုက်ပါ။ အထီး အမ အကြီးအငယ် အရွယ်အစားစားကိုလည်း သူမှာထူးခြားတဲ့ခံစားချက်မရှိ။ ပကတိ ပင်ကိုယ် တစ်ထေရာတည်းကိုပဲ မျက်နှာမှုပါသည်။ ချီးမွှမ်း ကဲ့ရဲ့သံကိုလည်း အ၀င်မခံဘဲ နားပိတ်ထားပါသည်။ တစ်လောကလုံးကို အလင်းရောင်တစ်ရောင်တည်း အပူတစ်ပူတည်း တစ်ပြေးညီစွာ သူ့ရဲ့စွမ်းအားကို ထုတ်ဆောင်ပေးဆပ်ပါသည်။ ထိုမျှ လောက်ပင် လောကအကျိုးစီးပွား အလွန်ပင်များစေသော နေမင်းကြီးကို မ၀င်သွား ပါနဲ့လို့ တစ်လောကလုံးက တားထားလျှင်ကော သူရပ်တည်နေပေးပါဦးမှာလား။ ဒါပေမဲ့ဗျာ တစ်လောကလုံးရဲ့ အကျိုးစီးပွားထက် လောကရဲ့နိယာမ သဘောသဘာဝ လမ်းစဉ်အတိုင်း တစ်သွေမတိမ်း လိုက်နာရမည်ဖြစ်တဲ့အတွက်ကြောင့် သနားဂရုဏာ ကို ခ၀ါချကာ အနောက်ဘက်ခြမ်း တောင်နုတ်ခမ်းကို ငုပ်နမ်းနုတ်ဆက်ရင်း လမင်းရဲ့ အလာကို လက်ပြနုတ်ဆက်ကာ တစ်နေ့တာ လုပ်ဆောင်ရမဲ့တာဝန်တွေကို လမင်းကြီး ဆီသို့ ပုခုံးလွှဲကာ အနာယူဖယ်ခွာ ပေးလိုက်ရပါပဲလေ။ နေမင်းကြီးရဲ့ တာဝန်တွေကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ဖို့ လမင်းကြီးဟာလည်း အရှေ့ဘက်ခြမ်းကနေ သန္ဓေယူစထွက်လာပါပြန်သည်။ နေမင်းကြီးနဲ့တူစွာ သူလည်း တာဝန်တွေကို လုပ် ဆောင်တတ်သူပါ။ ဒါပေမဲ့ နေမင်းကြီးရဲ့ အလားသဏ္ဍန်မျိုးတော့ မဟုတ်ပါဘူး ။ သူအခန်းကဏ္ဍနဲ့သူပါ ။ လောကကြီးကို အပူလည်း မပေး အရမ်းအေးတာလည်းမပေး။ အေးမျှတဲ့ရောင်ခြည်လေးလောက်ပဲ သူပေးခဲ့ပါတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် လူသားတွေအတွက် အကျိုးစီးပွားသိပ်များဘူးလို့ ထင်ရပေမဲ့ မသိမသာထိရောက် လွန်းလှပါတယ်။ သူကြတော့ လူနဲ့ သဘာဝတွေကို သွေးအေးအေးနဲ့ သူရဲ့စွမ်း အားတွေ ချော့ပြီးပေးတတ်တဲ့ စမ်းရေအသွင်အပြင်လိုပါပဲ။ လမင်းကြီးကိုတော့ လူတွေဟာ အပြစ်လည်းမတင် ချီးမွှမ်းလည်းမခံရပါ။ ဘာကြောင့်လည်းဆိုတော့ သူပေးခဲ့တာကိုလည်းမသိသာစေသလို ပြန်ရတာလည်း မသိသာစေလို့ပဲ။ အော် နေမင်းကြီးနဲ့ လမင်းကြီးဟာ တစ်ယောက်ဝင်တစ်ယောက်ထွက် သူအလှည့်ကျ ကိုယ့်အလှည့်ကျ အလိုက်သိစွာ ဖယ်ပေးတတ်ကြတဲ့ သဘာဝကိုက အရမ်းကို စံနမူနာယူထိုက်ပါပေတယ်။ အချိန်တန်လျှင် ကိုယ့်ဟာကိုယ် အိမ်ပြန်ကျစတမ်းဆိုတဲ့ ကတိက၀တ်စည်းမျဉ်းစည်းကမ်းကို လေးစားလိုက်နာကြတာ လူသားတွေအတွက် စံပြ ကောင်းပင်မဟုတ်လေလော။ လူသားတွေဟာလည်း သဘာဝဖြစ်စဉ်ရဲ့ ကျေးကျွန် တစ်ယောက်ပါပဲဆိုတဲ့ အသိတရားလေးတစ်ချက် မပျက်မကွက် ဆုပ်ကိုင်ထား မယ်ဆိုလျှင် အဘယ်မှာ သင်သည် ဆင်းရဲးချမ်းသာမှုရဲ့ နှိပ်စက်တဲ့ဒဏ်ကို မတွန်းလှန်နိုင်ဘဲ ရှိလေမည်နည်း။ ဒါကြောင့်မို့လို့ လူတိုင်းဟာ အချိန်တန်လျှင် အိမ်ပြန်ရမယ်ဆိုတဲ့ တာဝန်သိစိတ်နဲ့ လောကအကျိုးစီးပွားအတွက် မိမိကိုယ်ကို အတ္တကင်းကင်းနဲ့ လုပ်ဆောင်ကြပါလို့ နိုးဆော်ရင်း -----------------
No comments:
Post a Comment