Thursday, February 10, 2011

နှလုံးသားပေါက်ရှာ

၁။    အစစ အရာရာ ယုံကြည်ခဲ့လေတုန်းက ချစ်သူဟာ သူ့ အပေါ်မှာ တစ်ကယ်မချစ်ဘူးလို့ခံယူကာ သ၀န်တိုတတ်တဲ့အရာကို ဖန်တီိးပြီး နှလုံးသားရဲ့အစကိုဆွဲထုတ်ခဲ့လေပြန်သည်။

၂။  သ၀န်တိုမှုတွေ  စိတ်ထဲမှာ မရှိလေအောင် ကြိုးစားထိန်းကွပ်ပြီး အဖြူစင်ဆုံးချစ်ခြင်းနဲ့ တည်ငြိမ်နေတဲ့ နှလုံးသားဟာ သ၀န်တိုတတ်တဲ့အချစ်နဲ့  ချစ်ခြင်းကိုလည်း ပြခဲ့ရပြန်ပါသည်။

၃။ ဂရုစိုက်တတ်တဲ့ ချစ်စိတ်တွေကို မွန်းကြပ်မှု တင်းကျပ်မှုဖြစ်နေပါလိမ့်မယ်ဆိုပြီး အလိုက်သိတတ်တဲ့ ချစ်ခြင်းဟာလည်း တစ်ကယ်မချစ်ပါဘူးဆိုပြီး ပြစ်တင်ကာ အမြဲတမ်းဂရုစိုက်မှုကို ထပ်ကာ ချစ်ခြင်းတရားကို ပြရခဲ့ပြန်ပါသည်။

၎။ ရင်ထဲမှာအပြည့်ရှိ နှလုံးသားမှာအမြဲငြိ ဦးနှောက်ထဲမှာ အမြဲတမ်းသိတတ်တန်ဖိုးထားတတ်တဲ့ ချစ်ခြင်းကိုလည်း ဖောင်းပွနေတဲ့ အချစ်တွေနဲ့နှိုင်းပြီး တစ်ကယ်မချစ်ဘူးဆိုပြီးလုပ်ကာ  လူတကာနဲ့တူတဲ့ ချစ်ခြင်းမျိုးကိုလည်း သက်သေထူလိုက်ရပြန်ပါသည်။

၅။  သံသယကင်းစွာနဲ့ ချစ်ပြန်တော့လည်း တစ်ကယ်မချစ်ပါဘူးဆိုပြီး သံသယနဲ့ မိတ်ဖွဲ့ကာ ချစ်ပြခဲ့ရပြန်ပါသည်။

၆။ အေးအေးလူလူနဲ့  ကိုယ်စည်းကိုယ်ထမ်းတဲ့ ချစ်ဇာတ်လမ်းနဲ့ လျှောက်လှမ်းနေရတဲ့ ချစ်ခြင်းကိုလည်း ယုံကြည်မှုအားနည်းတယ်ဆိုပြီး အပြစ်ဆိုကာ နောက်တစ်ခါ ချစ်အားမာန်ကို ထပ်ထည့်ရပြန်ခဲ့ပါသည်။

၇။ ယုံကြည်မှုအပြည့်ထားပြန်တော့လည်း တစ်ကယ်ငတုံးရဲ့ ချစ်ခြင်းဆိုပြီး ရှုပ်ချကာ ထပ်ကာအထင်သေးပြီး လူရည်မွန်တဲ့ ချစ်ချွန်မှုမျိုးကို ထပ်ကာမွေးဖွားရပြန်ပါသည်။

၈။ အကောင်းပြောပြန်တော့လည်း အခွင့်အရေးအချစ်သမားဆိုပြီး အမြင်စောင်းပြန်ပါသည်။

၉။ အပြစ်ညွှန်ပြပြောပြန်တော့လည်း အထင်သေးတယ်ဆိုကာ စိတ်နာလိုက်ပြန်ပါသေးသည်။

၁၀။ ရှင်းရှင်းလေး နေပြန်သော်လည်း စိတ်ဝင်စားမှုမရှိပါဘူးဆိုပြီး ငြီးတွားပြန်ပါသည်။

အော် ဘ၀ ဘ၀ ဘ၀ ------ အမျိုးမျိုးပုံပြ သာဓကတွေနဲ့ ချစ်ဖူးလျှက်ပါ။ ဒါပေမဲ့ ယဇ်မူးကာ အလှည့်အဖျားမာယာတွေအောက် ငါလျှောက်လှမ်းပြခဲ့ပါသော်လည်း နောက်ဆုံးတွင် ငါ့အပေါ်အမုန်းတ
ရားဆိုတဲ့ စမ်းချောင်လေးအသွင် ငါ့ဆီသို့ စီဝင်ခဲ့တာပါပဲလေ။

No comments:

Post a Comment