Sunday, March 20, 2011

လိပ်ပြာသံယောဇဉ်

အချိန်တွေပြောင်း ရာသီတွေအလီလီနှောင်းခဲ့ပေမဲ့ ဒို့နှစ်ယောက်ရဲ့    ဖွင့်မပြောခဲ့ကြတဲ့သံယောဇဉ်ဟာ စမ်းချောင်းလေးလိုပဲ စီးနေမြဲပါ။  ဒို့နှစ်ယောက်သာ ကိုယ်စီနားလည်ခဲ့ကြတဲ့ ချစ်ခြင်းသံယောဇဉ်ဟာ အဖြူထည်ကောင်းကင်သစ်ဆီကို ဦးတည်ကာ ကမ္ဘာအဆက်ဆက် သက်တမ်းရှည်လျှက် ရှိနေမှာပါ။ အဝေးဆုံးကို လျှောက်လှမ်းနေကြတာ ဖြစ်ပေမဲ့ စိတ်ချင်းရဲ့  ဆက်သွယ်မှုလေးဟာ ကိုယ်စီကြည်နူးစရာ လေးပါ။ မင်းဆီမှာလဲ တင်းကြပ်မှုရှိသလို ငါ့ဆီမှာလည်း တင်းကြပ်မှု တွေနဲ့ ရှိစမြဲပါ။ ဒါတွေကို ဒို့နှစ်ယောက် အဖြူထည်သံယောဇဉ်ကို ဆွဲကိုင်ကြပြီးတော့ အပြန်အလှန်နားလည်ထားကြတာဟာ ခိုင်မာပြီးကျစ်လစ် မှု ပြည့်နှက်နေတဲ့ ပြိုင်စံရှားချစ်ခြင်းတရားပါ ။ ဘယ်အချိန် ဘယ်နေရာပဲရောက် မာနတွေ အတ္တတွေ မပါတဲ့ ဒို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုးဟာ သိကြားဝရဇိန်လက်နက်နဲ့ ဖြတ်ပစ်ရင်တောင် ပြတ်နိုင်မယ်မထင်ဘူးဆို တာ အခိုင်အမာယုံကြည်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒို့နှစ်ယောက် ထုဆစ်ထားတဲ့ အဖြူရောင် ချစ်ခြင်းရုပ် တုဟာ လူသားတွေရဲ့ အမုန်းဒဏ်တွေ ပျက်စီးစေတဲ့ဒဏ်တွေ မနာလိုတဲ့ဒဏ်တွေ လုယူမဲ့ဒဏ်တွေရယ် ကြောင့် ပြိုလှဲမသွားပဲ လောကရဲ့  အလယ်မှာ ထည်ဝါစွာ တည်နေမြဲ ရှိနေမြဲပါ ။ မလွန်ဆန်နိုင်သေးတဲ့ ကိုယ်စီအခက်အခဲလေးတွေကြောင့် လူချင်းအနေမနီးပဲ ဝေးကွာသွားနေကြပေမဲ့ ဒို့နှစ်ယောက်ရဲ့ ကိုယ်စီနားလည်ပေးနိုင်ကြတဲ့စွမ်းအားတွေ ဟာ အရာရာကို ဖြတ်ကျော်အောင်သွားစေနိုင်တဲ့ အကောင်းဆုံးလက်နက်လေးပါ။ 



                                                                       ဝေးသည် နီးသည် 
ပဓာနမထား 
နားလည်မှုစွမ်းအားသာ 
ကိုယ်စီရင်မှာသိမ်းလို့
ဘေးသို့မယိမ်းယိုင် 
သံယောဇဉ်မဏ္ဍိုင်ဖွဲ့ရင်း
ချစ်ခြင်းကို ကိုယ်စီရင်မှာပိုက်
သစ္စာဆိုတဲ့ ပန္နက်ရိုက်ကာ 
ကမ္ဘာမှာ ဒို့နှစ်ယောက် အချစ်တာဝါကြီး ထူထောင်နေကြတာပါနော်။

No comments:

Post a Comment