နေရင်း နေရင်းနဲ့ စက္ကန့်ကနေ မိနစ် , မိနစ် ကနေ နာရီ, ဒီလိုနဲ့ တရွေ့ရွေ့ပေါ့။ ခြောက်ဆယ်ပြည့်သွားလို့ မိနစ် နာရီ အဆင့်အဆင့်နာမည်တွေပြောင်းလှဲလာသလို ၂၄ နာရီကို တော့တစ်ရက်လို့ ပြောင်းလှဲ သတ်မှတ်ခေါ်ဝေါ်လိုက်ပြန်ပါတယ်။ အချိန်တွေနဲ့အတူ အရာရာ တိုင်းဟာလည်းပဲ ပြောင်းလှဲမှုဆိုတဲ့ ဖြစ်စဉ်အောက်မှာ တည်ဆောက်သွားကြတာပဲ မဟုတ်လေ လား။ စက္ကန့် မိနစ် နာရီတွေပြောင်း ရာသီအလီလီတွေနှောင်းလို့ မကြာမှီမှာပင် လျှင် ၁၃၇၂- ဆိုတဲ့ ခရဇ်ကြီးဟာလည်း အလားတူ ပြောင်းသွားတော့မှာပါလား။ ရက်ပေါင်း ၃၆၀-နဲ့ ဖွဲ့ စည်းသတ် မှတ်ခေါ်ဝေါ်ကြတဲ့ တစ်နှစ်ဆိုတဲ့အရာဟာလည်း ကြည့်နေရင်း မြင်နေခိုက် ဂရုစိုက် နေစဉ်မှာ တရိပ်ရိပ်နဲ့ ဆွဲထားဟန့်တားခြင်းငှာ မစွမ်းနိုင်လောက်ပဲ ကုန်လွန် တော့မှာပါလား ဆိုတဲ့ အသိစိတ်လေး သတိပေးချက်ဟာ ၁၃၇၂-ခုနှစ်ရဲ့ သင်္ခန်းစာလေလား နောင်တလေလား သံဝေဂလေလားဆိုပြီး ဇဝေဇ၀ါရင်မှာထွေးပိုက်ရင်းနဲ့ အနာဂတ်ဆိုတဲ့ မကြာမှီ ရောက်လာ တော့မယ် ၁၃၇၃ -ဆိုတဲ့ ၃ -ဂဏန်းခွ ခုနှစ်လေးဟာ ကောင်းကျိုးတွေ ဖန်တီးပေး လေမှာလား ဆိုးကျိုးတွေ ဖန်တီးပေးလေမှာလား စိုးစိတ်တွေ တစ်ထိပ်ထိပ်နဲ့ပေါ့ ။ သစ်ပင်စတဲ့ သဘာဝပင်ပျိုတွေတောင်မှ ဟောင်းနွမ်းသွားတဲ့ အရွက်တွေအစား ရွက်သစ်တွေ ရွက်နုလေး တွေ ပေါက်ထွက်လာစေဖို့ နှစ်သစ်ကူးမှာ ဖယ်ရှားပေး ရတာပါပဲလေ။ တစ်နှစ်ကုန်ခမ်းလို့ အိုမင်းရင့်ရောက်သွားပြီဖြစ်တဲ့ ရွက်ဝါတွေ ရွက်အိုတွေဟာ ဆက်လက်ပြီး ဖြစ်ပေါ်လာမည့် သဘာဝဒဏ်တွေကို ကြံကြံမခံနိုင်တော့တာရယ် ရပ်တည်ဖို့ မဖြစ်နိုင်တော့ တာရယ်ကြောင့် သဘာဝဖြစ်စဉ်အရ ဖယ်ကို ဖယ်ပေးရတာပါ။ လူသားတွေဟာလည်း တစ်နှစ်ကုန်အောင် အသုံးပြုထားတဲ့ အယူအဆဟောင်းတွေ အတွေးအခေါ်ဟောင်းတွေ လုပ်ဆောင်ချက် အ ဟောင်းတွေ စွမ်းအားအဟောင်းတွေကို နှစ်ဟောင်းနှင့်အတူထားခဲ့ပြီးတော့ နှစ်သစ်မှာ အယူအဆအသစ်တွေ စွမ်းအားအသစ်တွေ လုပ်ဆောင်ချက်အသစ်တွေ အတွေးအခေါ် အသစ်တွေနဲ့အတူ လျှောက်လှမ်းကြပါလို့ တိုက်တွန်းလိုပါတယ်။ နှစ်ဟောင်းက ရရှိခဲ့တဲ့ သင်္ခန်းစာတွေကို နောင်တနဲ့တွေးပူ နှမျောနေမဲ့အစား ထိုင်္ခန်းစာတွေကို အနာဂတ်ဆီ သို့ လျှောက်လှမ်းမဲ့အောင်မြင်မှုခြေကန်အဖြစ် အသုံးပြုလိုက်တာကမှ ပိုပြီး သဘာဝကျမယ် ထင်တယ်။ ဒါကြောင့်မို့လို့ အတိတ်က ဟောင်းနွမ်းမှုမှန်သမျှကို သင်္ကြန်ရေနဲ့ လောင်းချကာ ထားရစ်ခဲ့ကြမယ်ဆိုတဲ့ ရည်စူးချက်နဲ့ သင်္ကြန်ရေ ပျက်ဖြန်းခြင်း ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပါ တယ်။
Wednesday, April 13, 2011
၁၃၇၂ - လေးရယ်

Subscribe to:
Post Comments (Atom)
No comments:
Post a Comment