အလွမ်းတွေ တစ်စုတစ်ပုံကြီးနဲ့ ထွေးပိုက်
အနာဂတ်ဆိုတဲ့ အောင်မြင်မှုလေကိုရှုရှိုက်ရင်း
မသေမချာ မရေရာမှူဆိုတဲ့ သေားကကို ချန်လှပ်ကာ
စစ်မြေပြင် အောင်မြင်မှုဘင်ခရာသံလေးကို နှလုံးသွင်းလျှက်
အချစ်ဆုံးမင်းလေးကို ထားခဲ့ရက်တာပါ။
နေ့စွဲမပါ ရက်စွဲဆိုတဲ့ကဗျာလေးတစ်ပုဒ်လို
သမင်ပျို ဦးချိုကို ချစ်သလိုမျိုး
ကိုလည်းမင်းလေးကို အသက်စွန့်ပြီး ချစ်သွားမှာပါ။
တောင်ပြာတန်းဆီကို
အသိပညာထမ်းပြီး
ပျံသန်းသွားငှက်လေးတွေအလား
မင်းလေးထံပါးကို မကြာမှီ ဦးတည်လာတော့မှာပါ ။
မဟူရာတပ်စခန်းမှာ
တပ်မက်မှုဆိုတဲ့ပျားနှမ်းဖြူးပြီး
အချစ်ဆိုတဲ့နန်းတော်ဦးကို ဆောက်ကာ
သာယာအေးချမ်းမှုဆိုတဲ့ ပြဿဒ်အလွှာအလွှာနဲ့
မေတ္တာဆိုတဲ့ တံတိုင်းကိုဖွဲ့ရင်း
သံသရာဆိုတဲ့ ခရီးရှည်ကြီးကို ကျဉ်းလျှက်
နွေးထွေးမှုဆိုတဲ့ ကိုရဲ့ဘ၀င်ထက်မှာ
တိုးဝင်အိပ်စက်လေတော့နော်။
No comments:
Post a Comment