ဘယ်ကနေစရမှာလဲတောင် အစရှာရ ခက်နေပါလား ။ ဟော ပေါ်လာပါပြီ စပ်မိစပ်ရာ ထူးဆန်းထွေလာ လေးပါဗျာ။ မန္တလေးနန်းတော် တစ်ချိန်တုံးက စံပျော်နေတော်မူတဲ့ နာမည်ကြီး မြန်မာပြည်ရဲ့ မင်းကြီးတစ်ပါးကနေစလိုက်မယ်နော်။ စိတ်မဆိုးကျေးပေါ့။ မြန်ပြည်တစ်လွှား လူတိုင်းရဲ့ ပါးစပ်ဖြားမှာ တေးသွားသဖွယ် တွင်ကျယ်လေပြီးဖြစ်တဲ့ မင်းတုန်းမင်းကြီးပါပဲ။ မင်းတုန်းမင်းကြီးဟာ တစ်ကယ့်ကို အံ့မခန့်ရလောက်အောင် စွမ်းဆောင်ပြလိုက်တာမှ မြန်ပြည်သမိုင်းကျမ်းမှာ သူတစ်လူ တစ်မူထူးကဲ လွန်းလှပါတယ်။ မင်းတုန်းမင်းကြီးဟာ ဘယ်အရာမှာ လူတကာထက် အဆရာပေါင်းများစွာ သာသလဲ ဆိုတာကို ပြောစရာမလိုလောက်တော့ဘူးထင်ပါတယ်။ နတ်သားတွေတောင်မှ မင်းတုန်းမင်းကြီးကို အရှုံးပေးလိုက်ရတယ်ဆိုလားပဲ။ မိဖုရားပေါင်း မောင်းမမိဿံခြွေရံပေါင်း ထောင် သောင်းမက များမြှောင် လှတာကိုလည်းပဲ သိနှင့်ပြီးသားဖြစ်မှာ ။ ဒီလိုဒီလိုနဲ့ မင်းတုန်းမင်းကြီးဟာ သီးသန်းခန်းတော် ဆောင်လေးမှာ စံတော်လေ့ရှိပါတယ်။ ယင်းခန်းတော်ဆောင်မှာ ရှိနေခိုက် ခန်းတော်ဆောင်နဘေးက ဖြတ်သွားဖြတ်လာဖို့ မကြိုးစားလေနဲ့ ။ ဖြတ်သွားတဲ့ခြေသံကို ကြားလိုက်တာနဲ့ မင်းတုန်းမင်းကြီးက သြဇာအာဏာအပြည့်နဲ့ ´´ဟေ့´´ ဘယ်သူလဲ ဆိုတဲ့ အမေးစကားခံရပြီသာမှတ်။ အဲသည်လို မေးကျင့်ရှိတဲ့ မင်းတုန်းမင်းကြီးကို အတော်လန့်ကြပါတယ်။ ဒါပေမဲ့ မင်းမှု မင်းထမ်း နန်းရဲ့ ခြွေရံဖြစ်နေလေတော့ တစ်မှုမဟုတ် တစ်မှု့နဲ့ ဖြတ်သွားရမှာပဲလေ။ ဒါနဲ့ ဖြတ်သွားတဲ့ အမှုထမ်းမှန်သမျှ ခြေသံကြားလိုက်တာနဲ့ မင်းကြီးက ဟေ့ ဘယ်သူလဲ မေးလိုက်ပါတယ်။ မင်းမှုထမ်း ယောင်္ကျားလေးတွေကြတော့ ´´ကျွန်တော်ပါ´´လို့ ပြန်ဖြေလိုက်တယ်။ မင်းကြီးကလည်း ကျွန်တော်ဆိုတဲ့ အဖြေကိုကြားလျှင် သြဇာသံနဲ့ ဆက်သွား ဆက်လုပ်။ ကျန်တဲ့ မင်းမှုထမ်း မိန်းကလေးကြတော့ မင်းကြီးအမေးကို ´´ကျွန်မ´´ပါလို့ ပြန်ဖြေလေ့ရှိပါတယ်။ ကျွန်မလို့ ဖြေသံကြားတာကို မင်းကြီးက ဘယ်လို သြဇာသံပေးမှာလဲ စိတ်ဝင်းစားဖို့တော့ အတော်ကောင်းပြီတယ်။ နည်းနည်းတော့ ဈေးကိုင်လိုက်မှ ထင်တယ်။ မင်းကြီး ဆက်လက်ပေးတဲ့ သြဇာသံလေးကတော့ ၀င်ခဲ့တဲ့။ သိတဲ့အတိုင်းပါပဲနော် မင်းတုန်းမင်းကြီးလေ။ ဒီလိုနဲ့ နန်းမှုထမ်းသူလေးတွေ ကြုံဖန်များတော့ ပညာရသွားရှာတယ်ထင်ပါရဲ့။ တစ်ဖက်ကလည်း မင်းကြီးရဲ့ သြဇာအာဏာကိ မဖီဆန်ရဲနဲ့ဆိုတော့ အလိမ္မာသုံး ကိုယ်လွတ်ရုံးတဲ့ နည်းလမ်းလေးရလာကြပြီပဲ ဆိုပါဆို့။ လိမ္မာပါးနပ်သွားကြတဲ့ နန်းမှုထမ်းသူလေးတွေကတော့ ခန်းတော်ဆောင်ဘေးနား ဖြတ်သွားတဲ့အခါမှာ မင်းကြီးရဲ့ ဘယ်သူလဲဆိုတဲ့ အမေးကို ဘယ်တော့မှ ကျွန်မရယ်လို့မဖြေတော့ဘဲ ကျွန်တော်ပါလို့ ဖြေသွားကြတယ်လေ။ သက်သာရာနည်းလမ်းရသွားပြီပေါ့နော်။ မင်းကြီးရဲ့ အန္တရယ်ကို ရှောင်ဖယ်နိုင်ဖို့ တစ်ဖြည်းဖြည်းနဲ့ နန်းသူတွေ ကျွန်တော်ဆိုတဲ့ အသုံးအနှုံးတွင်ကျယ်လာကာ မိရိုးဖလာသဖွယ်တောင် ဖြစ်သွားပြီလေ။ မင်းကြီးရဲ့ သြဇာညောင်းပုံး အဖုံဖုံလေးပေါ့။ ဖြစ်ပျက်သမျှ အားလုံး အကျဉ်းချုံးကြည့်လိုက်တော့ ကျွန်တော်ဆိုတဲ့ မိန်ကလေး အသုံးအနှုံး သမိုင်းကြောင်းလေးပါပဲနော်။
No comments:
Post a Comment