![]() |
Add caption |
အသက်ကြီးနေပြီ ဖြစ်သည့် နီဂရိုး တရားဟောဆရာတစ်ဦးက တရားနာပရိသတ်အား “ အပြစ် အကြောင်း သတိပေးဟောကြားနေလေသည်။
“ အပြစ်ဆိုတာ ခွေးကြီးနှင့် တူပါတယ်။ ကျုပ်တို့ကိုယ်တွင်းမှာ မာနခွေးကြီး ၊ မနာလိုဝန်တိုမှုခွေးကြီး ၊ လောဘသက္ကာယခွေးကြီး ၊ အင်း - နောက်ပြီးတော့ ရာဂခွေးကြီး ဆိုတာတွေ ရှိနေတယ် ။ အဲ -ကောင်းကင် ဘုံမရောက်ခင် သင်တို့အနေနှင့် ဒီခွေးကြီးတွေကို အသေသတ်ပစ်ဖို့လိုတယ် ။ သတ်ပစ်လို့ ဖြစ်နိုင်တယ် ဆိုတာကိုလည်း ကျုပ် သိနေတယ်။ ဘာကြောင့် လည်းဆိုတော့ ဒီခွေးကြီးအားလုံးကို ကျုပ်သတ်ခဲ့ပြီး ဖြစ် လို့ ပါပဲ ။ ကျုပ်ဟာ မာနခွေးကြီး ၊ မနာလိုဝန်တိုမှုခွေးကြီး ၊ လောဘသက္ကာရခွေးကြီး ၊ အဲ - နောက်ဆုံး ရာဂခွေးကြီး ၊ အားလုံးကို ကျုပ်သတ်နိုင်ခဲ့ပါပြီ ” ။
သည်နေရာအရောက်တွက် နောက်တန်း တရားနာပရိသတ်ထဲမှ အသံလေးတစ်သံ ပေါ်ထွက်လာ၏ ။
“ ဘရာသား ခင်ဗျာ ၊ နောက်ဆုံး ခွေးကြီးကို အသေသတ်နိုင်ခဲ့တယ်ဆိုရာမှာ ခွေးကြီး တကယ်သေသွား တာ သေချာရဲ့လား ” ဟူ၏ ။