Thursday, July 28, 2011

သူ့အဖြစ်

Add caption


 နာမည်ကျော်စာရေးဆရာတစ်ဦး၏ ကိုယ်စားလှယ်သည် တစ်ညနေလုံး ဘ၀င်မကျပုံ ပေါ်နေ၏။ နောက်ဆုံး စာရေးဆရာက မနေနိုင်တော့၍  “ ခင်ဗျား ဘာတွေကို ဘ၀င်မကျ ဖြစ်နေတာလဲ ” ဟု ထုတ်မေးလိုက်၏။
   “ မနေကညက ကျွန်တော်အိပ်မက် မက်တယ်ဗျာ။ ခင်ဗျားက လုံးချင်းတစ်အုပ် ရေးလိုက်သတဲ့။ တစ်လအတွင်းထွက်သမျှထဲမှာ အကောင်းဆုံးစာရင်းဝင်သွားတယ်ဆိုပဲ။ နောက်ပြီး ခင်ဗျားစာအုပ်ကို ရုပ်ရှင်ရိုက်ဖို့ “ အမ် ဂျီ အမ် ” ရုပ်ရှင်ကုမ္ပဏီကြီးက ဒေါ်လာငါးသိန်း ပေးဝယ်သွားတယ်ဗျ ”

      “ ဒါ ဘာဘ၀င်မကျ ဖြစ်စရာလိုလို့လဲဗျာ ”
သည်တော့ ကိုယ်စားလှယ်က စိတ်မကောင်းပုံမျိုးဖြင့် ခေါင်းကို ယမ်းပြီး -------  
   “  သိပ်ကို ဘ၀င်မကျချင်စရာကြီးပေါ့ဗျာ။ ကျွန်တော် ရရမယ့် ကော်မရှင် တစ်ဆယ်ရာခိုင်နှုန်းကို လိုက်ကောက်မယ်အလုပ်မှာ ကျွန်တော်နိုးလာတယ်လေ။ တောက် ---   နာလိုက်တာဗျာ ----- ” ဟု မချိတင်ကဲ ရှင်းပြလိုက်လေသော ဟူ၏။

No comments:

Post a Comment