![]() |
Add caption |
ကုန်သည်တစ်ဦးသည် မြင်းစားဂျုံများကို မြင်းလှည်းအပြည့်တင်ဆောင်လျှက် မြို့တစ်မြို့မှာ သွားရောင်းရန် မောင်းထွက်ခဲ့၏။ သူ မြို့ပြင်မရောက်ခင် အသိမိတ်ဆွေတစ်ယောက်နှင့် ဆုံ၏ ။
မိတ်ဆွေက “ ဘာတွေလဲဗျ ” ဟု မေး၏ ။
သူ့မြင်းလှည်းကိုရပ်လိုက်ပြီး မိတ်ဆွေအား သူ့နားသို့လာရန် ခြေဟန်လက်ဟန်ပြ ခေါ်၏ ။ မိတ်ဆွေ သူ့နားရောက်ခါမှ မိတ်ဆွေနားနားကပ်ပြီး “မြင်းစားဂျုံတွေ” ဟု တိုးတိုးလေး ပြောပြလိုက်၏ ။
“ ဟာ- ခင်ဗျားကလည်း ဒါများ ဘာလျှိုဝှက်နေစရာလိုလို့လဲဗျာ ” ဟု ရေရွတ်လိုက်သောအခါ သူက-
“ မဟုတ်ဘူးလေ ၊ ကျုပ်ရဲ့မြင်း မကြားစေချင်လို့ပါ ” ဟု ပြန်ရှင်းပြလိုက်၏ ။
No comments:
Post a Comment