Saturday, July 16, 2011

လင်လား ၊ ရုပ်မြင်သံကြားစက်လား

Add caption
Add caption

   ကျောင်းသားတစ်ယောက်က သူထံသို့ လာလည်သော ကျောင်းသားတစ်ဦးကို ဧည့်ခံစကားပြောရင်း တစ်ချိန်တွင်မျက်နှာကျက်ကို စိတ်ကူးယဉ်ယဉ် မော်ကြည့်လိုက်ပြီး--

       ´´ ကျွန်မယူမည့် အမျိုးဟာ ဥပဓိရုပ် ထူးခြားရမယ်၊ ဂီတ၀ါသနာပါရမယ်၊ ဟာသအသစ်အဆန်းကလေးတွေ ပြောတတ်ရမယ်၊ သီချင်းဆိုတတ်ရမယ်၊ က တတ်ရမယ်၊ အိမ်မြဲရမယ်၊ အရက်မသောက်ရဘူး၊ ဆေးလိပ်မသောက်သူ ဖြစ်မယ်၊ ´ရှင့်ပါးစပ် ပိတ်ထားစမ်းပါ ` လို့ ကျွန်မပြောရင် နုတ်ပိတ်နေသူ ဖြစ်ရမယ်´´ ဟု ကြေညာလေ၏။  


   သည်တွင် ဧည့်သည်ကျောင်းက ဦးထုပ်ကိုကောက်ပြီး မတ်တပ်ရပ်လိုက်၏ ။ ထို့နောက် ´´ ဒီမှာ အမျိုးသမီးရဲ့။ မင်း လိုချင်တာက လင်တစ်ယောက်မှ မဟုတ်ဘဲဗျာ ၊ ရုပ်မြင်သံကြားစက်တစ်လုံးလိုချင်နေတာပဲ´´ ဟု နုတ်ဆက်စကားပြောပြီး ထွက်သွားလေ၏။

No comments:

Post a Comment