![]() |
Add caption |
စပါးကုန်သည်တစ်ဦးသည် ကားသစ်ကြီးတစ်စင်းကိုဝယ်ပြီး တစ်နေ့လုံး ပျော်မဆုံး မောင်းလေ၏ ။ သို့သော် တစ်နေရာအရောက်မှာ ယာဉ်ထိန်းရဲက ဖမ်းပြီးတော့ တရားရုံးသို့ခေါ်သွား၏။ တရားရုံးသို့ ရောက်သည့်အခါ ယာဉ်ထိန်းရဲက တရားသူကြီးအား ---
“ သူ ကားကို ကိလိုမီတာ ခြောက်ဆယ်နှုန်းနှင့် မောင်းပါတယ် ” ဟု တိုင်ချက်ဖွင့်၏ ။ သည်တော့ ကုန် သည်က “ မဟုတ်ပါဘူး ။ ကျွန်တော် ဘယ်တော့မှ လေးဆယ်ထက် ပိုမမောင်းပါဘူး ” ဟု ထုချေ၏။ ထို့ နောက် ကုန်သည်၏ မိန်းမက ပါဝင်၍ “ ကျွန်မယောကျာ်းဟာ နှစ်ဆယ့်ငါးကီလိုမီတာထက် ဘယ်တော့မှ ပိုမမောင်းပါဘူး ” ဟု ပြော၏ ။ နောက်ဆုံး ကားနောက်ခုံမှာ ထိုင်လိုက်သည့် ကုန်သည်၏မိတ်ဆွေက “ အဲဒီ ယာဉ်ထိန်းရဲ လာဖမ်းချိန်မှာ ကားကို ကျွန်တော်တို့ ရပ်ထားကြပါတယ် ” ဟု ပြောလိုက်သည့်အခါမှာတော့ တရားသူကြီး သည်းမခံနိုင်တော့ဘဲ --
“ တော်တော့၊ နောက်ထပ် ဘယ်သူမှ နှုန်းလျှော့မပြောကြနှင့်တော့ ” ဟု အော်ဟစ်အမိန့်ပေးလိုက်၏။
No comments:
Post a Comment