![]() |
Add caption |
သန်းကြွယ်သူဌေးတစ်ယောက်က ခလုတ်နှိပ်လိုက်ရုံဖြင့် လိုချင်တာ အကုန်ဖြစ်သော သူ့စံအိမ်ကြီးကို သူငယ်ချင်းအား လှည့်ပတ်ပြသနေလေသည်။
“ ဟော - ဒါကတော့ ခလုတ်တွေ အားလုံးအနက် အကောင်းဆုံးခလုတ်ပဲ သူငယ်ချင်း ။ တစ်ညလောက် အပြင်ထွက်အိပ်ပြီး ဟောဒီစံအိမ်ကြီးထဲ ပြန်ရောက်လာတဲ့အခါ ကိုယ် ရေနွေးနှင့် ရေတ၀ကြီး ချိုးပစ်ချင်စိတ် ပေါ်လာတယ် ။ ဒီအခါမှာ ဟောဒီခလုတ်ကို နှိပ်လိုက်ရုံပဲကွာ ။ ရေချိုးခန်းထဲ သွားနေစရာမလိုဘူး ”
သူက ယင်းသို့ ရှင်းပြပြီး ခလုတ်ကို နှိပ်လိုက်၏ ။ ဟာ - အံ့ရော ၊ ရေချိုးကန် သူ့ရှေ့ ချက်ချင်းရောက်လာ ပါရောလား ။ ကန်ထဲမှာ ရေနွေးတွေအပြည့် ။ သြ- နောက်ပြီး သူ့မိန်းမပါ တစ်ပါတည်း ပါလာတယ်လေ။
No comments:
Post a Comment