![]() |
Add caption |
လမ်းထောင့်အရက်ဆိုင်ပိုင်ရှင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏ ။ နံနက်သုံးနာရီမှာ သူ့ဖုန်း မြည်၏ ။ အိပ်ချင်မူးတူးဖြင့် ကောက်ကိုင်လိုက်၏ ။
“ ခင်ဗျားဆိုင် ဘယ်နှစ်နာရီမှာ ဖွင့်မှာလဲ ”
အရက်မူးသမားတစ်ယောက်၏ မေးသံကို ကြားရ၏။
“ ဆယ့်တစ်နာရီမှာ ဖွင့်မယ် ”
ယင်းသို့ ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းကို ဆောင့်ချလိုက်၏ ။
တစ်မိနစ်လောက်ကြာတော့ ဖုန်းမြည်ပြန်၏ စောစောကလူပင် ဖြစ်၏။
“ ခင်ဗျားဆိုင် ဘယ်နှစ်နာရီမှာ ဖွင့်မှာလဲ ”
ပိုင်ရှင် စိတ်မရှည်တော့ ။ ပြန်အော်လေတော့၏။
“ ဆယ့်တစ်နာရီ ၊ စောစောက ပြောပြီးသားပဲ ။ ဆယ့်တစ်နာရီ မတီးခင် တစ်မိနစ်စောဝင်ချင်လည်း မရဘူး”
“ ဟာ ၊ ခင်ဗျားကို ဆိုင်ထဲဝင်ချင်လို့ ဘယ်သူက ပြောလို့လဲ ။ ကျုပ် ဆိုင်ထဲက ထွက်ချင်နေတာဗျ ”။
No comments:
Post a Comment