အော် ခေါ်သံလေလား
ငိုကြွေးသံလေလား
ကြေကွဲသံလေလား
နှလုံးသားအစုံမှာ
ကြာပဒုံလို ပွင့်အာ
ဆည်းဆာလို အရောင်ထွန်းလင်းအား လျော့ကျ
တောင်အကွယ်မှာ ပုန်းကွယ်ပြီး နုတ်ဆက်ရလေမှာလား ။
မိုးကုတ်စက်ဝိုင်းလို
လည်ပတ်မှုအရှိန်မရပ်လျှင်တော့
အာရုံအတက်မှာ
ပြုံးရွင်မု့ မျက်နှာအသစ်နဲ့
အားမာန်ဆိုတဲ့ ဆေးတစ်ခွက်ဆောင်ကြည်းကာ
စာမျက်နှာအသစ်ကိုဖွင့်လစ်ပြီး
အတူတူတစ်လှေတည်းစီးသွားချင်ပါသေးတယ် ။
လမ်းခုလပ်မှာ
အပြစ်ဖွဲ့ နုတ်ဆက်ကာ မချန်ရက်သည်မို့
စို့နစ်နေတဲ့အရာကို ခါချ
နွမ်းလျှခဲ့သမျှတွေကို အာဟာရဖြည့်ရင်း
အမှောင်ကိုခွင်းကာ
![]() |
Add caption |
အလင်းကမ္ဘာရပ်ဆီသို့
လှမ်းကြပါစို့လား ။
ဟောင်းနွမ်းပြီးသော ပန်ချီးကာားတစ်ချပ်ဖြစ်ပေမဲ့
သိန်းသောင်းဂဏန်းအညီရှိသေးတဲ့ သူ့ရဲ့တန်ဖိုးဟာ
အနုပညာ အသွင် ခံစားသိမြင်တတ်သူအဖို့
ပုံပြယ်စွာ လမ်းအလယ်မှာ
လူတကာတက်နင်းမှာကို မလိုလားဆုံးပါ ။
No comments:
Post a Comment