![]() |
Add caption |
မင်း ငါ ဆုံခိုက် ၊
ဘုရားလိုက်ဖို့ ငါတိုက်တွန်းငြား၊
မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်..........။
ဆိတ်ငြိမ်နေရာ ၊ အေးရိပ်သာဝယ် ၊
အာနာပန ၊ ရသမျှကို သွင်းပ ရှုရှိုက် ၊
အတူလိုက်ဖို့ ငါတိုက်တွန်းငြား ၊
မင်းပြောကြားခဲ့ မအားသေးဘူး ၊ နောက်မှကွယ်........။
ဟိုတနေ့က မအားနေရင်း ၊
သူငယ်ချင်းဟာ သေမင်းခေါ်ရာ ၊
မငြင်းသာပဲ လိုက်ပါသွားရရှာလေပြီ။
ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
အခု...
သေမင်းတမန်
ရာဇသံကို
တွန်းလှန်နိုင်အား `ရှိသေးလား ------------
No comments:
Post a Comment