![]() |
Add caption |
မျက်စိဖွင့်ပြန်သည် ဘာမှ မမြင်ရ ၊
လက်နဲ့စမ်းကြည့်မိပြန်သည် ဘာမှမ`ရှိ၊
နားစွင့်ထားပြန်လျှင်လည်း ဘာမှမကြားရပြန်ပါ၊
မျက်စိ “မှိတ်” “ဖွင့် ”၊ နားစွင့် လက်စမ်း ၊
ကယောင်ကတမ်းအဖြစ်အပျက်ဟာ ဘာကြောင့်များလေလဲ။
ဘယ်ညှာ ယိမ်းနွဲ့
ကဟန်ဖွဲ့လည်း
စိတ်စေရာကိုယ်မသွား ၊
သူတစ်ခြား ကိုယ်တစ်ခြား၊
ဒီလိုဖြစ်သွားလေခြင်းဟာ ဘာကြောင့်များလေလဲ ။
သွေးခုန်နှုံးကို ပြန်စမ်းကြည့်တော့လည်း ပုံမှန်အတိုင်းပါ ၊
နှလုံးခုန်နှုံးကို ပြန်စမ်းကြည့်တော့လည်း ထုံးစံအတိုင်းပါ ၊
အရာရာမှာ ဝေး၀ါလာတာဟာ ဘာကြောင့်များလေလဲ။
ရှေ့ နောက် ၀ဲယာ
တောင် မြောက်မှာလည်း
လူတကာအပြည့် တည်ရှိနေသည်၊
ငါ့စိတ်နဲ့ ငါ့ခန္ဓာ အထီးကျန်ဖြစ်နေတာ ဘာကြောင့်များလေလဲ။
လျှာရှိပါသည် အာဟာရမတွေ့၊
မျိုခဲ့ပါသည် ၀မ်းစာမပြည့် ၊
ဘာကြောင့်များ ဒီလိုဖြစ်သွားလေလဲ ။
No comments:
Post a Comment