Monday, August 1, 2011

အချိန်တန်လျှင် အာခံလို့


Add caption

ဆံကေသာထုံးနှောင် ပိတုန်းရောင် အသွေး 
ဇရာဝင် ပျက်ရရှာတယ် နက်ရာမှဖွေး
ပြတ်သားကြည်လင် ငယ်စဉ်ကမျက်စိ
ဇရာဝင်အရွယ်ထောက်တော့ အပ်ပေါက်ချော်ထိ
ပြတ်သားကြည်လင် ငယ်စဉ်ကနား
ဇရာဝင်အရွယ်ထောက်တော့ 
အော်တောင်မကြား
မာကြောကြည်လင် ငယ်စဉ်ကအသား
ဇရာဝင်ပျက်ရှာကြတဲ့ 
ရှုံးတိ ရှုံးတွ
တုံချိ တုံချိ နဲ့ ခုလိုပုံ 
ဒုက္ခတွေကြုံတဲ့ အိုပျက်အဆွေး 
တကယ်ဆို သူအားရရှာတာက 
ဝါးတုတ်တောင်ဝှေး ။

No comments:

Post a Comment