တစ်ခါတစ်လေတော့လည်း..
မှိန်ဖျော့နေတဲ့ မျှော်လင့်ချက်ဟောင်းလေးကိုပဲ
ဆက်ပြီးဆုပ်ကိုင်ထားချင်သေးပါရဲ့...............
ယုံကြည်ချက်တွေကတော့ ရိုက်ချိုးခံထား၇တာကြာပါပြီ
ဒါပေမဲ့..
ငါကတော့ဒီလိုပဲ..............
မျက်ရည်တစ်ချို့ကြောင့် မှုန်ရီေ၀၀ါးနေတဲ့မျက်ဝန်းတွေနဲ့
ငေးကြည့်ရုံ တွေးကြည့်နေရုံဆိုတဲ့....
ခါးသက်သက်ဝေဒနာကို
မစွန့်လွှတ်နိုင်တဲ့
လူသားတစ်ယောက်လေ..........
![]() |
Add caption |
ပျော်ရွှင်မှုတွေက သေနေခဲ့ပြီးပါပြီ..
သူမချစ်ဘူးဆိုတာ သိလိုက်ရတဲ့အချိန်တုန်းကပေါ့..
ဝေဒနာကရပါများတော့ ခါးလာတယ်..
သွားမယ့်သွားတော့..
အပြီးသာထွက်သွားပါ...............
အဝေးဆုံးမှာလဲမဟုတ်
အနီးဆုံးကျတော့လဲမနေဘဲ..
မနီးမဝေးကနေ
အဆင်ပြေရဲ့လားလို့ မမေးသင့်ပါဘူး
သူမရှိကတည်းက
ရင်ခုန်သံအချက်တိုင်းမှာတောင်
အဆင်မပြေတော့ဘူးဆိုတာ သိရက်သားနဲ့လေ..
သူ့သဘောအတိုင်း ထားခဲ့ မေ့ခဲ့ပြီးတာတောင်
မုန်းတတ်ချင်ပေမဲ့
မမုန်းရက်နိုင်သေးတဲ့ ငါက..
ဆက်လက်မျှော်လင့်နေချင်သေးတယ်..................။
No comments:
Post a Comment